BEC-TERO TV

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှုမရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ

29 Nov 2016     1,282 Views


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ နိုဝင်ဘာ ၂၉ (ယနေ့)နံနက် ၉ နာရီခွဲတွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့သည်။
 
အဆိုပါနေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌ M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်း အဝါရောင် အရည်ပျစ်ပျစ်များကို ထည့်ထားကြောင်း တွေ့ရှိရသည်။
 
 
တွေ့ရှိရမိသည့် အချိုရည်ပုလင်းများအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်း လင်းရေးအဖွဲ့များက စနစ်တကျ သက်မဲ့ ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါနေရာနှင့် လေဆိပ်အတွင်းနေရာများတွင် အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထု ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
 
Credit:MOI
 

29 Nov 2016     1,282 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS