BEC-TERO TV

အသက် ၁၉ နှစ်အရွယ် ကမ္ဘာ့အသက်ငယ်ဆုံးဘီလီယံနာ

30 Nov 2016     1,237 Views


ဘီလီယံနာ ဖြစ်ဖို့ဆိုတာ လူတော်တော်များများအတွက်တော့ ကိုယ်မသေခင်လေး စိတ်ကူးပြီး ပျော်နေရတဲ့အိပ် မက်တစ်ခုလိုပါပဲ။ အဲဒီအသိစိတ်ကပဲ Alexandra Andresen ဆိုတဲ့ကောင်မလေးကို Forbe မဂ္ဂဇင်းရဲ့ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာပါလာခဲ့တာ လေးစားစရာပါ။ ၁၉ နှစ်သာရှိသေးတဲ့ နော်ဝေးသူလေး Alexandra ရဲ့ ပိုင်ဆိုင်မှုဟာ ၁.၂ ဘီလီယံလောက်ရှိနေပြီ လို့  ခန့် မှန်းထားကြပါတယ်။ အစ်မဖြစ်သူ Katharina က လည်း ၁.၂ ဘီလီယံလောက်တန်ဖိုးရှိတဲ့ Ferd Holding ( ညီအစ်မ ၂ ယောက်လုံးပိုင်တဲ့ကုမ္ပဏီ) ရဲ့ ၄၂.၂ ရာ ခိုင်နှုန်းကိုပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ သူတို့အဖေ ဟာ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ၂၀၀၇ ခုနှစ်ကတည်းက သူ့ သမီး ၂ ယောက်ကို ခွဲပေးခဲ့ပေမယ့် ကုမ္ပဏီကိုတော့ သူကိုယ်တိုင် ဦးဆောင်နေပါတယ်။ Alexandra ဆိုတာဘယ်သူလဲ Alexandra ဟာ (Oslo ရဲ့ Investor တစ်ဦးဖြစ်သူ) နော်ဝေးနိုင်ငံသား Johan Alexandra ရဲ့သမီး ဖြစ်ပါ တယ်။ The Telegraph အရ သူမ အသက် ၁၁ နှစ်မှာ Fordingbride မှာ ရှိတဲ့ ForresSandle Manor ဆိုတဲ့ ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ Alexandra ဟာ မြင်းစီးဝါသနာထုံသူလည်း ဖြစ်ပါတယ်။

သူမ၀ါသနာအရ ၀င်ပြိုင်ခဲ့မြင်းစီးပြိုင်ပွဲတွေမှာလဲ ဆုတွေရခဲ့တယ်လို့ သိရ ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ Professional ဖြစ်တဲ့ မြင်းစီးတာကို အားစိုက်နေရလို့ မိသားစုလုပ်ငန်းဘက်ကို သိပ်ပြီး အာရုံမထားနိုင်ဘူးလို့ သိရပါတယ်။ Alexandra က ဒီအလုပ်ဟာ သူမ အကြိုက်ဆုံးအလုပ်ဖြစ်ကြောင်း ပြောထားပါတယ်။ မိသားစုဝင်ငွေဘယ်ကရလဲ ဆေးရွက်ကြီးလုပ်ငန်းက ဒီမိသားစုအတွက် တော်တော်လေးအလုပ်ဖြစ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် မတိုင်ခင်တုန်း ၅၀၀ မီလီယံဒေါ်လာနဲ့  အရောင်းဖြစ်ခဲ့တဲ့ သူတို့ရဲ့ Tiedemanns ဆိုတဲ့ဆေးရွက်ကြီး Brand နဲ့ နာမည်ကြီးခဲ့ကြပါသေးတယ်။ အခုချိန်မှာတော့ Investment လုပ်ငန်းကိုပဲအဓိကထားပြီး လုပ်နေတယ်လို့  သိရပါတယ်။

Alexandra ဘာကြောင့်နာမည်ကြီးလာတာလဲ Alexandra ဟာ အသက် ၁၇ နှစ်အထိ သူ့မိဘဆွေမျိုး တွေကြားမှာ သာမန်မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ပေမယ့် နော်ဝေးအစိုးရကနေ ထုတ်ပြန်တဲ့ပိုင်ဆိုင်မှုအလိုက် အခွန်ဆောင်ဖို့ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာဆိုတဲ့ ဂုဏ်ပုဒ်နဲ့  လူသိများလာပါတယ်။ သူမပိုက်ဆံနဲ့ ဘာတွေလုပ်ဖြစ်လဲ Alexandra က သူမပိုက်ဆံတွေကို ဘာမှသိပ်မသုံးဖြစ်ဘဲ စုထားကြောင်း Ferd ရဲ့ Corporate Magazine-2015 မှာ ပြောထားပါတယ်။ သူမဆုရတဲ့ ပိုက်ဆံ (မိဘတွေကို ခွင့်မတောင်းဘဲ သုံးလို့ရတဲ့ပိုက်ဆံ) တွေတောင် စုထား တယ်လို့ သိရပါတယ်။

Credit : T-club Myanmar


30 Nov 2016     1,237 Views




RELATED

Most Popular of Special or Others

Most Popular of NEWS