BEC-TERO TV

ပျိုပျိုမေတွေ သဲသဲလှုပ်ဖြစ်နေတဲ့ မီးသတ်ရဲဘော်လေးတွေ

30 Nov 2016     1,294 Views


ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အပေါ်ပိုင်းဗလာ ရိုက်ကူးထားတဲ့ မီးသတ်ရဲဘော်လေးတွေရဲ့ ဓါတ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာတော့ ထိုင်ဝမ်မလေးတွေ အရှုးအမူး စွဲလမ်းသွားခဲ့ကြပါတယ်။
 
 
အဆိုပါ ဓါတ်ပုံကို မီးသတ်ဌါနရဲ့ ပြက္ခဒိန်အတွက် ရိုက်ကူးခဲ့တာဖြစ်ပြီး မော်ဒယ်အဖြစ် နယူးထိုင်ပေ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေက ကိုယ်ဟန်ပြခဲ့တာဖြစ်ပါတယ်။ မီးသတ်သမားတို့ရဲ့ ကိုယ့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်းနဲ့ နှစ်လိုဖွယ်ဖြစ်ခြင်းတို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စွမ်းဆောင်နိုင်ကြောင်း စတဲ့တွေကို ပုံပေါ်အောင်ရည်ညွှန်းပြီး ရိုက်ကူးခဲ့တယ်လို့  သိရပါတယ်။
 
 
 
 
ဓါတ်ပုံနဲ့ပက်သက်ပြီး အပျိုမလေးတွေက အမျိုးမျိုးရေးသားခဲ့ရာမှာ၊ တစ်ယောက်ကဆိုရင် “ဒီဓါတ်ပုံတွေကို ကြည့်လိုက်တာနဲ့တင် ကိုယ်ဝန်ရသွားနိုင်စေတယ်၊ တစ်ကယ်သေချာတယ်” လို့ ရေးခဲ့သလို နောက်တစ်ယောက်ကလည်း “တောင်းပန်ပါတယ် ဒါပေမယ့် ငါ့အိမ်မီးလောင်နေလို့ မင်းအခုလာငြိမ်းပေးနိုင်မလားဟင်..?” လို့ ရေးသားထားခဲ့ပါတယ်။
 
 
 
 
 
 
 
 
ကံမကောင်းစွာနဲ့ ပျိုပျိုမေတွေ သဲသဲလှုပ်ခဲ့ရတဲ့ အဆိုပါ ပြက္ခဒါန်ဟာ ရောင်းချရန်မဟုတ်ပါဘူး၊ ဒါပေမယ့် စိတ်ကျရောဂါလက္ခဏာ ဒေနာသည်တွေကို ကူညီတဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းခြင်းဖြင့်သော်၎င်း၊ နယူးထိုင်ပေ မီးသတ်စခန်း လူမှုကွန်ယက်စာမျက်နှာမှာ ပြုလုပ်မယ့် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခြင်းဖြင့်သော်၎င်း ပြက္ခဒိန်ကို ရရှိနိုင်မယ့် အခွင့်အရေးတော့ ရှိနေပါသေးသည်။
 

30 Nov 2016     1,294 Views




RELATED

Most Popular of Special or Others

Most Popular of NEWS