BEC-TERO TV

အမျိုးသားများ ဟန်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ခြင်းက မျိုးအောင်ဖို့ အခက်တွေ့စေ

30 Nov 2016     1,435 Views


သန္ဓေသားမအောင် ကိုယ်ဝန်မဆောင်နိုင်တဲ့ ပြဿနာဟာ အမျိုးသမီးများကြောင့် အဖြစ်များတယ်လို့ သိရှိထားပေမယ့် ယခုလတ်တစ်လော စမ်းသပ်လေ့လာချက်များအရ ပြဿနာရဲ့ တစ်ဝက်လောက်က အမျိုးသားတွေဘက်က ချို့ယွင်းချက်ကြောင့်လို့ သိရှိရပါတယ်။
 
မျိုးပွားစေနိုင်တဲ့ သုတ်ပိုးများကို လေ့လာစမ်းစစ်ခဲ့ရာတွင် အမျိုးသားများ၏ နေ့စဉ်နေထိုင်မှု ပုံစံအချို့ကြောင့် သုတ်ကောင်ရည် လျော့နည်းလာခြင်း၊ အရည်အသွေး မပြည်မီခြင်းများ ဖြစ်ပေါ်လာတာကို တွေ့ရှိခဲ့ရပြီး အဆိုပါ အကြောင်းအရာများကြောင့် မျိုးမအောင်နိုင်သည့် အဖြစ်များ ဖြစ်ပေါ်စေပါသည်။ အောက်ပါ နေထိုင်မှု ပုံစံများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါလိမ့်မည်။
 
၁။ လက်ကိုင်ဖုန်းကို ဘောင်းဘီ အိပ်အတွင်း ထည့်ထားခြင်း
 
ဖုန်းလာသည့်အခါ တုန်ခါမှု၊ ရေဒီယိုသတ္တိကြွလှိုင်းများကြောင့် သုတ်ပိုးအရေအတွက် ၉ ရာခိုင်နှုန်းခန့် လျော့နည်းစေတတ်ပါသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းကို ဘောင်းဘီ နောက်အိတ် (သို့) ဖုန်းထည့်သည့်အိတ်နှင့် ပြောင်းလဲ ကိုင်ဆောင် အသုံးပြုခြင်းဖြင့် ရှောင်ကျဉ်ပါ။
 
၂။ အလွန်ပူပြင်းသော နေရာကို ရှောင်ကျဉ်ပါ
 
အမျိုးသားများ၏ ဝှေးစေ့သည် အပူချိန် ၄ ဒီဂရီလောက်နှင့် အသင့်တော်ဆုံးဖြစ်ပြီး သုတ်ပိုးထုတ်လုပ်နိုင်စွမ်းရှိပါသည်။ အလွန်ပူပြင်းသော အပူချိန်မှာ ကြာကြာနေခြင်းဖြင့် သုတ်ပိုးများ လျော့နည်းအောင် ပြုလုပ်သကဲ့သို့ ဖြစ်တတ်သဖြင့် အလွန်ပူပြင်းသော နေရာကို ရှောင်ကျဉ်ပါ။
 
 
၃။ ခန္ဓာကိုယ်အလေးချိန်
 
ကိုယ်ခန္ဓာအလေးချိန်ကိုလည်း ရှိသင့်ရှိထိုက်သည့် အနေအထားမျိုးကို ထိန်းသိမ်းထားသင့်ပြီး ဝိတ်လာခြင်းကလည်း အဟန့်အတားဖြစ်စေပါသည်။
 
 
၄။ ဆေးလိပ်သောက်ခြင်း
 
ဆေးလိပ်သောက်ခြင်းကြောင့် သွေးလှည့်ပတ်မှု လျော့ကျသွားသည့်အတွက် ယောက်ျားတန်ဆာအတွင်း ဖြတ်သန်းမည့် သွေးဉလေးများ လျော့နည်းခြင်းကလည်း သုတ်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သည်။
 
၅။ စိတ်ဖိစီးခြင်း
 
စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်နေရာ အတော်များများတွင် ကျန်းမာရေးရှုဒေါင့်မှ ကြည့်လျှင် ထိခိုက်စေတတ်သည့်အတွက် ယင်းကဲသို့ အချိန်မျိုးတွင် သုတ်ပိုးများ အရည်အသွေး မပြည့်မီတတ်ပေ။
 
 
၆။ အရက်သောက်ခြင်း
 
အရက်ကို အလွန်အကျွံသောက်သုံးခြင်းက သုတ်ပိုးများ၏ အရည်အသွေး ပျက်ဆီးမှုကို အထိရောက်ဆုံး အားပေးသည့်အတွက်  ရှောင်ကျဉ်သင့်ပါသည်။
 
အထက်ပါအချက်လက်များကို လိုက်နာရှောင်ကျဉ်ပါက အင်အားပြည့်ဖြိုး အရည်သွေးမီသော မျိုးကောင်လေးများ ထုတ်လုပ်နိုင်မည်ဖြစ်လို့ သာယာချမ်းမြေ့သည့် မိသားစုတစ်ခုကို အခက်ခဲမရှိ ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။
 

30 Nov 2016     1,435 Views




RELATED

Most Popular of Health Fix

Most Popular of Life Style