BEC-TERO TV

နှစ်(၂၀) အတွင်း စင်ကာပူကို ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

01 Dec 2016     1,675 Views


စင်ကာပူရဲ့ လွပ်လပ်ရေးခေတ်ဦးကာလ အဲဒီတုန်းက ဝန်ကြီးချုပ်လီကွမ်ယုက အနှစ် ၂၀ ကြာရင် စင်ကာပူက မြန်မာကို အမီလိုက်မယ်လို့ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီစကားကို ကျွန်မတို့က ပြန်ပြောင်းပြီး အနှစ် ၂၀ အတွင်းမှာ မြန်မာက စင်ကာပူကို အမီလိုက် ကျော်တက်မယ်လို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ပြီးတော့ အဲဒီလိုလုပ်နိုင်ဖို့ ရှင်တို့က ကျွန်မတို့ကို ကူညီရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသရဲ့ အစိတ်အပိုင်းတစ်ခုမှာ အောင်မြင်မှုဟာ ဒသေတစ်ဝန်း အောင်မြင်မှုလို့ အဓိပ္ပါယ်ရလို့ပါပဲ
ဟု နိုဝင်ဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်တွင်ပြုလုပ်သည့် ကမ္ဘာစီးပွားရေးဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာပြည်တွင် လာရောက် ရင်းနှီးမြုတ်နှံမှုပြုလုပ်ကြရန် ကြိုးပမ်းခဲ့ပြီး ဝင်ငွေခွန်လွတ်ငြိမ်းမှုများနှင့် မြေယာအသုံးချမှုဆိုင်ရာနှင့် ပက်သက်သော မက်လုံးများထည့်ရေးဆွဲထားသည့် မြန်မာနိုင်ငံရင်းနှီးမြုတ်နှံမှု ဥပဒေသစ်ကို ဥပမာပြ ပြောဆိုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
 
နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့ထိ သုံးရက်ကြာ တရားဝင်ခရီးစဉ်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်ကြောင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း စင်ကာပူဝါရင့် ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
 
 
စင်ကာပူနိုင်ငံရှိ ရုက္ခဗေဒဥယျာဉ်ရှိ သစ်ခွတစ်မျိုး၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် တရားဝင်ဂုဏ်ပြုမှည့်ခေါ်ထားလိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် စင်ကာပူနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံကြမည်ဖြစ်သည်။
 
Ref:7Day
Photo:CNA

01 Dec 2016     1,675 Views




RELATED

Most Popular of International News

Most Popular of NEWS