BEC-TERO TV

ရွှေတိဂုံစေတီတွင် ကပ်လှူထားသော ရွှေစင်ရွှေပြားများအား ပြန်လည်စစ်ဆေးပြီ မကိုက်ညီပါက အရေးယူမည်

01 Dec 2016     1,616 Views


ရွှေတိဂုံစေတီတွင် ကပ်လှူထားသော ရွှေစင်ရွှေပြားများ၏ အရည်အသွေးနှင့် အရွယ်အစားကို ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီတွင် စေတီတော်မြတ်ကြီးအား ဝါးငြမ်’များဆင်၍ တက်ရောက် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ရွှေစင်ရွှေပြား အရည်အသွေးနှင့် အရွယ်အစားကို စစ်ဆေးမည့် ပညာရှင်အဖွဲများ ဖွဲစည်းမည်ဖြစ်ပြီး လွဲချော်မှုများ စံနှုန်းမကိုက်ညီမှုများ စစ်ဆေးတွေ့ရှိခဲ့ပါက သက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။စစ်ဆေးမှုလုပ်ငန်းများအတွက် သိန်း ၄၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး အချိန်နှစ်လခန့် ကြာမြင့်မည်ဖြစ်သည်။
 
ထို့အပြင် ရွှေတိဂုံစေတီတွင် လက်ရှိကပ်လှူထားသော ရွှေစင်စင်ပြားများကို တစ်ကျပ်သား အသုံးပြုထားသည့်အတွက် ကျေးငှက်တိရိစ္ဆာန်တို့၏ ထိုးဆိတ်မှုကြောင့် ပေါက်ပြဲဆုံးရှုံးမှုများ ရှိနေသည့်အတွက် ရေရှည်ခိုင်ခံစေရန်နှင့် ပျက်စီးမှုနည်းပါးစေရန် တစ်ပေပတ်လည် ကြေးပြားပေါ်တွင် ရွှေစင်တစ်ကျပ်သားအစား ရွှေစင် ၆ ကျပ်သားနှင့် အစားထိုး ပူဇော်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ရွှေတိဂုံစေတီတော် ရောင်တော်ဖွင့် လုပ်ငန်းစဉ်များကို ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီတွင် ဆောင်ရွက်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Ref:7Day
 

01 Dec 2016     1,616 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS