BEC-TERO TV

ကြောင်ချစ်သယောင်ပြု၍ သတ်ပြီးယုန်သားဟု ရောင်းနေသူအား ဖမ်းဆီးမိ

01 Dec 2016     1,508 Views


“ဟောင်ပင်ဖူ” လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်က လူရှေ့သူရှေ့ကျရင် ကြောင်လေးတွေကို ချစ်တတ်သယောင်ပြုပြီး နောက်ကွယ်မှာတော့ သတ်ဖြတ်ကာ ယုန်သားဟု လိမ်လည်ရောင်းချနေတာကို ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။
 
 
“ဟောင်” ကို သူ့အနီးနားပတ်ဝန်းကျင်က လူတွေက ကြောင်ချစ်တတ်သူလို့ သိရှိထားပြီး ခိုးကိုးရာမဲ့၊ အိမ်ယာမဲ့လေလွင့်ကြောင်လေးတွေ တွေ့ရင် စောင့်ရှောက်ဖို့ လူတွေက သူ့ဆီကို လာပို့ထားလေ့ရှိပါတယ်။ ဒါပေမယ့် ညရောက်တဲ့အခါမှာတော့ သူက ကြောင်းတွေကို သတ်ပြီးနောက်တစ်နေ့မှာ ယုန်သားတွေအဖြစ် ဈေးတွေ၊ စားသောက်ဆိုင်တွေမှာ လိုက်လံရောင်းချပါတော့တယ်။
 
 
သူ့ရဲ့ဝင်ငွေဟာ တစ်နေ့ကို ယွမ်သုံးထောင်ကျော် (ကျပ်ငွေခြောက်သိန်းနီးပါး) ရှိပြီး အဲဒီအတွက် တစ်နေ့ကို ကြောင်အကောင် ၁၀၀ လောက်သတ်ဖြတ်ပါတယ်။
 
 
စားသောက်ဆိုင်တွေကလည်း ဈေးပေါပေါနဲ့ ယုန်သားရတယ်ဆိုတော့ ဝယ်လိုအားမြင့်တက်လာတာကြောင့် “ဟောင်” က ဝန်ထမ်းတစ်ယောက် ခန့်ထားပြီး အနီးနားပတ်ဝန်းကျင်က အိမ်မွေးတိရိစ္ဆာန်တွေကို လိုက်လံခိုးယူခိုင်းပါတယ်။
 
 
တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက “ဟောင်” ရဲ့လုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ရဲကလာရောက် စစ်ဆေးခဲ့တဲ့အခါမှာ မြေအောက်ခန်း သားသတ်ရုံကိုလည်း တွေ့ရှိခဲ့ပါတယ်။
 
 
 
လောလောဆယ်မှာတော့ “ဟောင်”ကို ရဲတွေက ထိန်းသိမ်းထားပါတယ်၊ တရုပ်ပြည်မှာ တိရိစ္ဆာန်ညှင်းပမ်းမှုဆိုင်ရာ တရားဥပဒေ မရှိသေးတာကြောင့် “ဟောင်”အနေနဲ့ ကွင်းလုံးကျွတ် လွတ်ကောင်းလွတ်သွားနိုင်ပါတယ်။
 

01 Dec 2016     1,508 Views




RELATED

Most Popular of Special or Others

Most Popular of NEWS