BEC-TERO TV

အိမ်ထောင်ရေးသာယာစေရန်ဆိုပြီး အမျိုးသမီးများကို ကာမလိမ်လည်ခဲ့သည့် ပယောဂဆရာ

01 Dec 2016     1,363 Views


Syed Shah လို့ အမည်ရတဲ့ ပယောဂဆရာတစ်ယောက်ဟာ အသက် 28 နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ် ယောက်ကို အိမ်ထောင်ရေးပြဿနာများ ပြေလည်ပြီး ခင်ပွန်းသည်နဲ့ ချစ်ချစ်ခင်ခင်နေစေရမည်ဟု ဖြားယောင်းကာ ကာမကို လိမ်လည်ရယူခဲ့ပါတယ်။ Syed ဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့ရှိ Stechford ရပ်ကွက် Latelow Road လမ်းမှာ နေထိုင်သူဖြစ်ပြီး၊ အောက်လမ်းအတတ်ပညာဖြင့် ၀ိဉာဉ်များနဲ့ အဆက်အသွယ်ပြုနိုင်သည်ဆိုသည့် နာမည်ကြီး ပယောဂကုဆရာတစ်ယောက် ဖြစ်ပါ တယ်။ ပယောဂဆရာ Syed ဟာ ယခင်ကလည်း လူမှုရေးပြဿနာတွေနဲ့ လာရောက်ကုသခံတဲ့ အမျိုးသမီးငယ်ငယ်လေးတွေကို ယခုလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် အမှုနှစ်မှုသာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းကို Birmingham Crown Court တရားရုံးမှ တရားသူကြီး Patrick Thomas က အဓမ္မမှုနှစ်ခုနဲ့ ထောင်ဒဏ် 12 နှစ် ချ မှတ်ခဲ့ပြီး လိမ်လည်မှုတစ်ခုကတော့ တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ တရားသူကြီး Patrick Thomas က ထောင်ဒဏ်အပြင်၊ ကာယကံရှင်အမျိုးသမီးတွေကို လျှော်ကြေး ပေါင် 10000 ဆီ ပေးချေရမည်လို့ အမိန့်ချမှတ်ခဲ့ပြီး အဆိုပါ လျှော်ကြေးကို မပေးသွင်းနိုင်ပါက ထောင်ဒဏ်မှာ ယခုထက် ပိုမိုဖွယ်ရာရှိနေပါတယ်။

တရားရုံးမှာ ဖတ်ကြားခဲ့တာကတော့ ကလေးတစ်ယောက်မိခင် အမျိုးသမီးငယ်တစ်ယောက်ဟာ ၎င်းရဲ့သူငယ်ချင်းတစ် ယောက်က ညွှန်းဆိုလွန်းလို့ Syed ဆီကို ရောက်သွားခဲ့ပါတယ်။ သုံးနှစ်ကြာ အိမ်ထောင်ရေးမပြေလည်မှုတွေကို Syed ကို ကုထုံးနဲ့ကူညီဖို့ အကူအညီတောင်းခဲ့ပါတယ်။ ၎င်းရဲ့ ကုထုံးမှာ ဆိတ်တစ်ကောင်ကို အရင်ဆုံး ယစ်ပူဇော်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးမှာ ပြဿနာတွေ မ ပြေလည်ခဲ့ပါဘူး။ နောက်မှာတော့ Syed ဟာ အထိရောက်ဆုံးနည်းလမ်းအဖြစ် ၎င်းရဲ့ခန္ဓာကိုယ်အတွင်းကို အမျိုးသမီးအား မကျေနပ်တဲ့ ၀ိဉာဉ်တွေကို ပူးဝင်စေပြီး၊ ၎င်းနဲ့ လိင်ဆက်ဆံလိုက်ရင် အဆိုပါ ၀ိဉာဉ်ဆိုးတွေ စိတ်သက်သာရာ ရသွားမယ်၊ ပြဿနာတွေလည်း အမြန်အဆင်ပြေသွားမယ် ဆိုပြီး ဖြောင်းဖြသွေးဆောင်ခဲ့ကာ အမျိုးသမီးကလည်း သ ဘောတူခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးဟာ Syed နဲ့ နှစ်ကြိမ်အထိ ဆက်ဆံခဲ့ရပြီး၊ ၀န်ဆောင်မှုအတွက် ပေါင် 6000 ပေးချေခဲ့ရပါတယ်။ ဒါ ပေမယ့် ပြဿနာတွေက ပိုဆိုးလာခဲ့လို့ နောက်ဆုံး Syed ဟာ အမှုဖွင့်ခံခဲ့ရတာပါ။ အခြားအမျိုးသမီးတစ်ယောက်က လည်း သူမကို ကုထုံးနဲ့ကုပေးမယ်ဆိုပြီး အ၀တ်အစားတွေ ချွတ်ခိုင်းကာ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြံစည်ခဲ့ကြောင်း ရဲစခန်းကို တိုင်တန်းခဲ့လို့ အဆိုပါ အမှုအတွက် သီးသန့်ထောင်ဒဏ် 2 နှစ် ကျခံစေဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

Credit : shwemom


01 Dec 2016     1,363 Views




RELATED

Most Popular of International News

Most Popular of NEWS