BEC-TERO TV

ခင်ပွန်းသည်ကို အသက်ပေးပြီး ကယ်တင်ခဲ့တဲ့ ဇနီးသည်

01 Dec 2016     1,279 Views


ကျောက်ကပ်ဝေဒနာ ခံစားနေရပြီး လေးနာရီခြားတစ်ခါ ကျောက်ကပ်ဆေးနေရတဲ့ ခင်ပွန်းသည်ရဲ့ အဖြစ်ကို မကြည့်ရက်လို့ သူမရဲ့ ကျောက်ကပ်ပေးလှူပြီးနောက်မှာ လူ့လောကကြီးထဲကပါ အပြီးအပိုင် ထွက်သွားခဲ့ရပါတယ်။ အဲသည်အတွက် သားသမီး ၃ ယောက်နဲ့ ကျန်ရစ်ခဲ့သူ ခင်ပွန်းသည်ဟာ နေ့စဉ်ကြေကွဲခံစားနေရပြီး အပြစ်ရှိသူတစ်ယောက်အဖြစ် ယူကျုံးမရ ဖြစ်နေခဲ့ပါတယ်။
 
ဒီအဖြစ်တွေကို သူပြန်လည်ပြောပြခဲ့တာက…
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ဗန်လင်တိုင်းနေ့အလွန် နောက်နှစ်ရက်မှာပေါ့၊ ကျနော်တို့နှစ်ယောက် ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကို မှတ်မိနေပါသေးတယ်..
ကျနော်က “အကယ်၍ မနက်ဖန် မင်းအနားမှာ မောင်မရှိတော့ရင် မငိုပါနဲ့နော်။ အခုကိုခံစားခဲ့ရတာတွေအတွက် ဘာမှတွေးမနေတော့ပဲ ပျော်ပျော်ရွှင်ရွှင်နေပါကွာ၊ ကလေးတွေကိုလည်း ဂရုစိုက်ပါ၊ မောင်တို့ရဲ့ ချစ်ခြင်းတွေက တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ စီးဆင်းနေလျှက်ပါ”
 
ကျနော်က အဲ့လိုပြောလိုက်တော့ သူ့ရဲ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ တလိပ်လိမ့်ကျလာပြီး၊ အဲဒီလို မပြောပါနဲ့ကွယ်လို့ ဆိုရှာတယ်။ နောက်တော့ သူက၊ အချစ်ရေ ဒါဟာမောင့်အတွက် ကျမရဲ့ ဗန်လင်တိုင်း လက်ဆောင်နော်လို့ ပြောပါတယ်။
 
အဲဒီအချိန်မှာ သူနာပြုဆရာမလေးတွေရောက်လာပြီး ဆေးသွင်းဖို့အချိန်ရောက်ပြီဆိုပြီး သူ့ကိုခေါ်သွားတယ်၊ အခန်းထဲက ထွက်သွားခါနီးမှာတောင် ကျနော်ကို ပြန်လှည့်ကြည့်ပြီး ချစ်စရာအပြုံးလေး ပြုံးပြသွားပါသေးတယ်ဗျာ။
 
အဲ့အပြုံးလေးကို ကျနော်ခုထက်ထိ မျက်စိထဲမှာ ကောင်းကောင်းကြီး မြင်နေပါသေးတယ်။
ဒါဟာသူမကို သူ့အနေနဲ့ အသက်ရှင်ရက်နောက်ဆုံး တွေ့မြင်ခဲ့ရခြင်း ဖြစ်လို့ သူ့အတွက်ကြောင့် သူ့ဇနီး သေဆုံးရတယ်လို့ ခံစားနေရပါတယ်။
 
သူကတစ်ချက်ရှိုက်လိုက်ပြီး- ကျနော့ရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် သူသေရတာဗျ၊ ကျနော်သူကို သတ်လိုက်မိတာလို့ စိတ်ထဲမှာ အပြစ်ရှိတယ်လို့ ညတိုင်းခံစားနေရတယ်။
 
တစ်ကယ်တော့ ကလေးသုံးယောက်နဲ့ ကျန်နေခဲ့ရတဲ့ သူ့အဖြစ်ဟာ မလွယ်လှပါဘူး၊ အကြီးဆုံး သမီးလေးက ၁၀နှစ်၊ သားအလတ်က ၉နှစ်ဖြစ်လို့ ပြဿနာမရှိပေမယ့် အသက် ၂နှစ်အရွယ် အငဘ်ဆုံးလေးက မေမေဘယ်မှာလည်းလို့ မေးတတ်စပြုနေပါပြီ။
 
မစ္စတာဆင်းဟာ မလေးရှားနိုင်ငံသားဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ စင်ကာပူကိုရောက်လာကာ စင်ကာပူထောင်မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဆွေမျိုးတွေ မိတ်ဆက်ပေးတာကြောင့် မဒမ်နာရင်ဒါနဲ့ ဆုံဆည်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ လပ်ထပ်ခဲ့ပါတယ်။
 
သူ့မှာ ကျောက်ကပ်ရောဂါရနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်ထဲက ဇနီးသည်ဟာ ဂရုတစိုက်နဲ့ ကိုယ်အလေးချိန် ထိန်းပေးတာကအစ ပြုစုပေးခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ နောက်ဆုံး ကျောက်ကပ်ရောဂါ သည်းလာပြီး ကျောက်ကပ်အစားထိုးမှ ရတော့မယ့်အခြေနေကို ရောက်လာပါတယ်။
 
ကျောက်ကပ်အစားထိုးဖို့ကို သူက လက်မခံခဲ့ပေမယ့် ဇနီးဖြစ်သူက ဖျောင်းဖျနားချပြီး လက်ခံလာအောင် စည်းရုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဇနီးသည်ဟာ ခွဲစိတ်ခံပြီး နာရီအနည်းငယ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။
 
အဲဒီအတွက် ပို၍ ယူကျုံးမရဖြစ်ခဲ့ပြီး သူ့တို့ရဲ့ သားသမီးတွေအတွက် ဇနီးသည်ဟာ အသက်ပေးပြီး သူ့ကိုကယ်တင်ခဲ့တယ်လို့ ယုံကြည်ချက်ထားပြီး ကလေးတွေအတွက် အားကိုးထိုက်တဲ့ ဖခင်ဖြစ်အောင် ကြိုးစားရဦးမယ်လို့ ဆိုခဲ့ပါတယ်။
 

01 Dec 2016     1,279 Views




RELATED

Most Popular of Special or Others

Most Popular of Life Style