BEC-TERO TV

ဘင်္ဂလီအရေးကြောင့် မြန်မာနှင့်ချစ်ကြည်ရေးကစားမည့် ယူ၂၂ ပွဲစဉ်ကို မလေးရှားဖျက်သိမ်း

02 Dec 2016     1,630 Views


ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် လူမျိုးစုများအရေးနှင့် ပတ်သက်ပြီး မလေးရှား အမျိုးသား ဘောလုံးအသင်း အနေဖြင့် မြန်မာအသင်းနှင့် ကန်ရမည့် အသက် ၂၂ အောက် မြန်မာနှင့် ချစ်ကြည်ရေး ဘောလုံးပွဲ စဉ် နှစ်ခုအား ဖျက်သိမ်းလိုက်ကြောင်း မလေးရှား အမျိုးသား ဘောလုံးအသင်း Harimau Malaysia ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။ 
 
“ယခုဒီဇင်ဘာလအတွင်း ချစ်ကြည်ရေးပွဲအဖြစ် မြန်မာနှင့်ယှဉ်ပြိုင်ရန်စီစဉ်ထားသော အသက် ၂၂နှစ်အောက်ပွဲစဉ်ကို ဖျက်သိမ်းကြောင်း မလေးရှားဘောလုံးအသင်းချုပ်က ဆုံးဖြတ်ချက်ချခဲ့သည်”
 
 
နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီးက ရခိုင်အရေးနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ထိုက်ရဲ့လားဆိုတာ ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီရိုဟင်ဂျာအရေးနှင့် ပက်သက်သည့် မှန်ကန်သည်ဟု အပြည့်အဝ မယူဆနိုင်သော မှတ်တမ်းရုပ်သံများကို ဘာသာစကားမျိုးစုံနှင့် ကမ္ဘာကအာရုံပိုမိုစိုက်လာအောင် လှုံ့ဆော်နေခြင်းကြောင့်ဖြစ်သည်။
 

02 Dec 2016     1,630 Views




RELATED

Most Popular of Football

Most Popular of NEWS