BEC-TERO TV

လူတစ်ဦး လက်ဖက်ရည်တစ်ခွက်လျှော့သောက်ပြီး အလှူငွေထည်ကာ မျှဝေရန် ဒေါက်တာအောင်သူ ပြောကြား

02 Dec 2016     1,243 Views


နိုင်ငံတော်က ဘဏ္ဍာငွေမတတ်နိုင်သည့်နေရာများကို ကူညီပေးရန် လူတစ်ဦး တစ်နေ့လက်ဖက်ရည်တစ်ခွက် လျှော့သောက်ပြီး မျှဝေခြင်း အစီအစဉ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဒီဇင်ဘာ ၁ ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော်၌ ပြောကြားခဲ့သည်။

‘‘နိုင်ငံတော်ရဲ့ ဘတ်ဂျက် ဟာ လုံလောက်မှုမရှိပါဘူး။ ဒါ ပေမဲ့ လူတစ်ယောက်ဟာ တစ် နေ့လက်ဖက်ရည်တစ်ခွက် လျှော့ သောက်ခြင်းအားဖြင့်၊ မိမိလျှော့ သောက်လိုက်မယ့် လက်ဖက်ရည် တစ်ခွက်ဖိုးလေးကို ထည့်ခြင်း အားဖြင့် မျှဝေပေးမယ်ဆိုရင်ပိုက် ဆံရှိတဲ့သူက လုပ်မယ်ဆိုရင် ဒါ ကျွန်တော်တို့ ၀န်ကြီးဌာနကနေ စတင်ပြီး အကောင်အထည်ဖော် မှာဖြစ်ပါတယ်’’ဟုဝန်ကြီးက ဆို သည်။ အဆိုပါအစီအစဉ်အတွက် လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် တိုင်ပင်ထားပြီး ပြင်ပအဖွဲ့အ စည်းများနှင့် တိုင်ပင်မည်ဟု ၀န် ကြီးက လွှတ်တော်သို့ ပြောကြား သည်။ မျှဝေခြင်းအစီအစဉ်ကို စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက စတင်အ ကောင်အထည်ဖော်မည်ဟု ၀န် ကြီးကဆိုသည်။

ဒီဇင်ဘာ ၁ ရက်တွင်ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ရှမ်းပြည်နယ် မောက် မယ် မဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်း ဆိုင်ဟိန်း၏ မောက်မယ်မြို့နယ် စဥ့်ပင်ကျေးရွာအုပ်စု စေတီဖြူရွာ နမ့်ယွန်းချောင်းကူး သစ်သားတံ တားကြီး ပြန်လည်ပြုပြင်ဆောက် လုပ်နိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးရန် မေးမြန်းသည့်မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက အဆိုပါမျှဝေခြင်းအစီအစဉ်ကိုလွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၏ မေးခွန်းကို ပြန်လည်ဖြေကြား ရာတွင် အဆိုပါတံတားတည် ဆောက်ရေးသည် ၀န်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပါဝင် ခြင်းမရှိကြောင်း၊ လာမည့်နှစ်တွင် ဦးစားပေးအနေဖြင့် လုပ်ဆောင် ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

‘‘ပထမဦးဆုံး ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ဆောင်ရွက်ဖို့ အစီအစဉ်ရေးဆွဲပြီးပါပြီ။တစ်နိုင်ငံ လုံးကျယ်ကျယ်ပြန့်ပြန့်နဲ့ဒီအစီအ စဉ်ကိုသာ ဆောင်ရွက်နိုင်တယ် ဆိုရင်အခုလို ငွေကြေးအရ နိုင်ငံ တော်က မတတ်နိုင်တဲ့နေရာတွေ ကို ကူညီဆောင်ရွက်ပေးသွား မယ်ဖြစ်တဲ့အကြောင်းကို ဆက် လက်ပြီး တင်ပြလိုပါတယ်’’ ဟု ၀န်ကြီးကပြောသည်။ လွှတ်တော်ကိုယ်စားလှယ် အချို့က မျှဝေခြင်း အစီအစဉ် သည် ကောင်းမွန်သောလုပ်ရပ် တစ်ခုဖြစ်သော်လည်း အကောင် အထည်ဖော်ရာ၌ အောင်မြင်ရန် ခဲယဉ်းကြောင်း သုံးသပ်ပြော သည်။ ‘‘တိုင်းပြည်ဘဏ္ဍာတွေကို စနစ်တကျ သုံးဖို့၊ ခြိုးခြံချွေတာပြီး သုံးဖို့လုပ်ငန်းတွေကို လုပ်တဲ့အခါ မှာလည်း စနစ်တကျလုပ်ဖို့၊ အ လေအလွင့်မရှိဖို့၊ အဲဒီလိုမျိုးဖြစ် အောင် ကြိုးစားရမှာ။ ပြည်သူ တွေ လက်ဖက်ရည်လျှော့သောက် လို့ကလည်း ဘာမှမထူးဘူးလေ။ တကယ်ယိုပေါက်တွေက အဲဒီမှာ ရှိတာကိုး’’ ဟု ရခိုင်အမျိုးသား ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဖေသန်းကပြောသည။် ပြီးခဲ့သည့်အစိုးရလက်ထက် တွင်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် လယ်သမားများ စိုက်ပျိုး စရိတ်ကြွေးတင်နေသည်ကို ပြန် ဆပ်နိုင်ရေး ထမင်းတစ်နပ်လျှော့ စားရန် ပြောဆိုခဲ့မှုကြောင့် ဝေဖန် မှုများစွာ ကြုံခဲ့ရသည်။

Credit : 7daydaily


02 Dec 2016     1,243 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS