ကားဈေးကွက်တွင်း အိမ်စီးကားဈေးနှုန်း ကျပ် ၁၀ သိန်းခန့်မြင့်တက်လာ
02 Dec 2016 2,094 Views

၂၀၁၇ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒသစ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကားအရောင်အဝယ် ဈေးကွက်တွင် တစ်ရက်အတွင်း အိမ်စီးကားဈေးနှုန်း ကျပ် ၁၀ သိန်းခန့် မြင့်တက်သွားကြောင်း သိရှိရသည်။
မူဝါဒသစ်တွင် ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်သဖြင့် လက်ရှိဈေးကွက်တွင်းရှိ ညာမောင်းယာဉ်များကို ကျပ် ၁၀ သိန်းခန့် ဈေးဆွဲတင်ကာ ရောင်းချလျှက်ရှိပြီး ရှေ့နှစ်များတွင် ဈေးပိုတက်မည့် အလားအလာကြောင့် အမှန်တစ်ကယ် လိုအပ်သူများက လာရောက်ဝယ်ယူလျှက်ရှိကြောင်း ကားဝယ်ရောင်း လုပ်ကိုင်နေသူများက ပြောပြသည်။
ယခင်က အရောင်းအဝယ်အေးနေသည့် နယ်လိုင်စင်၊ စတိနံပါတ်များပါ အရောင်အဝယ်ဖြစ်လျှက်ရှိပြီး ရန်ကုန်လိုင်စင်နံပါတ်က ပိုမိုအရောင်းသွက်လျှက်ရှိသည်။ ကားဈေးမြင့်တက်လာတာနှင့်အတူ အမည်ပေါက်စလစ် ဈေးနှုန်းမှာလည်း ကျပ်သိန်း ၁၁၇ ကနေ ၁၂၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။
Ref:မော်ဒန်







