BEC-TERO TV

လက်နှစ်ဖက်လုံးမရှိပေမယ့် ဘဝကိုအရှုံးမပေးတဲ့ လမ်းဘေးက လက်မှုပညာသည်

02 Dec 2016     1,328 Views


ဂျုံလုံးလေးတွေနဲ့ အရုပ်မျိုးစုံပုံဖော်ကာ တုတ်ကလေးတွေ တပ်ပြီးရောင်းချခဲ့တဲ့ ကစားစရာ အရုပ်လေးတွေဟာ ယနေ့ခေတ်မှာ အတော်လေး ပျောက်ကွယ်သွားပြီလို့ ပြောရပါလိမ့်မယ်။ ရောင်စုံ ဂျုံလုံးလေးတွေကို လိုအပ်သလောက် ဖဲ့ဖဲ့ယူပြီး ပုံဖော်နေတဲ့အခါ ဘာအရုပ်ကလေးများ ဖြစ်လာမှာပါလိမ့်လို့ ကလေးတွေအမြဲဝိုင်းနေတတ်တဲ့ ဂျုံရုပ်လုပ်ရောင်းသူ တစ်ယောက်ရဲ့ ပညာဟာ မသေးပါဘူး။ လက်နှစ်ဖက်နဲ့ ဖိလိုက်၊ ပြေားလိုက်နဲ့ လိုသလိုပုံဖော်ရတဲ့ အလွန်လက်ဝင်တဲ့ ပညာဖြစ်ပါတယ်၊ နောက်ဆုံးမှာတော့ ချစ်စရာကောင်းတဲ့ ဂျုံရုပ်လေးတစ်ရုပ် ဖြစ်လာတာပါပဲ။
 
လက်နှစ်ဖက်စလုံး လက်ဖျံတစ်ဝက်လောက်က ပြတ်နေသူတစ်ယောက်ဟာ အဲဒီလိုပညာမျိုးနဲ့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကို လုပ်ရောင်နိုင်တယ်ဆိုတာ တစ်ကယ်လေးစား အံ့သြဖို့ကောင်းပါတယ်။ ဟောင်ကောင်မြို့ရဲ့ လမ်းဘေး တစ်နေရာမှာ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေနဲ့ အရုပ်လေးတွေ လုပ်ရောင်းနေတဲ့ ဒုက္ခိတတစ်ဦးရဲ့ လေးစားစရာ စိတ်ဓါတ်ကတော့ မြန်မာပြည် မီးပွိုင့်များ၊ ဂုံးကျော်တံတားအောက်တွေမှာ ခြေကောင်းလက်ကောင်းနဲ့ တောင်းစားနေသူတွေနဲ့ စိတ်ပျက်လောက်အောင် ကွာခြားလွန်းလှပါတယ်။
 
Video:stomp
 

02 Dec 2016     1,328 Views




RELATED

Most Popular of Special or Others

Most Popular of Life Style