BEC-TERO TV

အားလပ်ရက် ရန်ကုန်မြို့ထဲ အခမဲ့အပန်းဖြေစရာနေရာလေးတွေ

02 Dec 2016     1,361 Views


ဒီတစ်ပါတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူတူ ငွေကြေးလည်း အကုန်အကျမများပဲ ဖျော်ဖြေရေးအစီစဉ်တွေကိုလည်း အခမဲ့ကြည့်ရှု သွားရောက်လည်ပတ်လို့ရတဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
**စနေနေ့**
 
- (ကန်တော်မင်္ဂလာပန်းခြံ) Happy World ကလေးကစားကွင်းမှာ နံနက် ၁၁ နာရီက စတင်ပြီး မျက်လှည့်ဖျော်ဖြေပွဲ၊ အကအဖွဲ့တင်ဆက်မှုများကို အခမဲ့ ကြည်ရှုအပန်းဖြေနိုင်ပါတယ်။
 
- (ကန်တော်ကြီး) ၂၀၁၆ ကမ္ဘာအေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ညပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။
 
- (ပြည်သူ့ရင်ပြင်) ရေပန်းရုပ်ရှင်နှင့် မြန်မာ့ရိုးရာ အကတင်ဆက်မှုအစီအစဉ်ကို ညနေပိုင်းမှာ စတင်ပါမယ်။
 
- (Junction Square) Marine Hall တွင်  Giordano အထူးဈေးရောင်းပွဲနှင့် အပြင်ဘက် ရေပန်းဧရိယာတွင် ကမ္ဘာအေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲ ရှိပါတယ်။
 
- (မြန်မာပလာဇာ) Vivo  V5FirstRoad Show ကို ဖျော်ဖြေရေးအစီစဉ်များနှင့်တစ်ကွ ရှိပါမယ်။
 
 
**တနင်္ဂနွေနေ့**
 
- (ကန်တော်မင်္ဂလာပန်းခြံ) Happy World ကလေးကစားကွင်းမှာ နံနက် ၁၁ နာရီက စတင်ပြီး မျက်လှည့်ဖျော်ဖြေပွဲ၊ အကအဖွဲ့တင်ဆက်မှုများကို အခမဲ့ ကြည်ရှုအပန်းဖြေနိုင်ပါတယ်။
 
- (ပြည်သူ့ရင်ပြင်) ဓမ္မစေတီလမ်းဝင်ပေါက်အနီး ဂျပန်စတိုင်ဆယ်ပြားဈေးပွဲတော် နှင့် ညဖက်တွင် မင်္ဂလာပါပွဲတော် ပိတ်ပွဲအခမ်းအနား။
 
- (Junction Square) VeVe နှစ် ၂၀ ပြည့်အထိမ်းအမှတ်တေးစီးရီး ပရိုမိုးရှင်း
 
 
အားလပ်ရက်များမှာ ပျော်ရွှင်စွာ စိတ်အပန်းပြေနိုင်ကြပါစေလို့ ပိုပိုလေးမိသားစုက ဆုတောင်းပေးလိုက်ပါတယ်။
 

02 Dec 2016     1,361 Views




RELATED

Most Popular of Special or Others

Most Popular of Life Style