လူပျိုကြီးဘဝက ကျွတ်တော့မည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်
05 Dec 2016 1,915 Views

၁၉၈၈ အရေးအခင်းတွင် ရှေ့တန်းမှပါဝင် လှုပ်ရှားခဲ့သောကြောင့် အကျဉ်းထောင်များထဲတွင် ၁၉၈၉ ခုနှစ်မှ စတင်ကာ နှစ်ကာလကြာရှည်စွာ အကျဉ်းချခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ပြန်လည် လွတ်မြောက်လာသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် တစ်ယောက် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အိမ်ထောင်ပြုတော့မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပါသည်။
အဆိုပါသတင်းနှင့် ပက်သက်၍ ကိုမင်းကိုနိုင်(ခေါ်) ကိုပေါ်ဦးထွန်းက ဖွင့်ဟဝန်ခံထားခြင်းမရှိသေးသော်လည်း သူနှင့် လက်ဆက်မည့် သတို့သမီးလောင်းမှာ သြစတြေးလျနိုင်ငံတွင် နေထိုင်လျှက်ရှိသော ဆရာဝန်အမျိုးသမီးတစ်ဦးဖြစ်ပြီး မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။







