BEC-TERO TV

ဒီနှစ်အကယ်ဒမီပွဲက သူ့ရဲ့နှုတ်ဆက်ပွဲပဲလို့ ဆိုလိုက်တဲ့ လူမင်း

05 Dec 2016     1,646 Views


မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ လူမင်းက အကယ်ဒမီပေးတာနှင့် ပက်သက်ပြီး စည်းများစည်းကမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည် မှန်သော်လည်း နှစ်စဉ်နှစ်တိုင်းပင် ရုပ်ရှင်လောကသားများအကြား အငြင်းပွာဝေဖန်မှုများ တစ်ခုမဟုတ် တစ်ခုရှိနေသည့် အတွက် ယခုနှစ်တွင် စည်မျည်းစည်းကမ်းများအားလုံးကို လူမှုကွန်ယက်အွန်လိုင်းစာမျက်နှာများဖြစ်သည့် အစည်းအရုံးစာမျက်နှာ၊ ရုပ်ရှင်ချစ်သူများဆုံဆည်းရာ၊ ရုပ်ရှင်အမှုဆောင်များရဲ့ စာမျက်နှာတွေပေါ်မှာ တင်ပေးနေတယ်လို့ ဆိုပါတယ်။
 
ယခုလို လုပ်ရခြင်းက ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ မသိလိုက်ဘူးလို့ ငြင်းကွယ်လို့မရအောင် ရည်ရွယ်တယ်လို့ဆိုပါတယ်။ ရုပ်ရှင်လောကသားများအနေနှင့်လည်း သိချင်စိတ်သာရှိရင် လေ့လာလို့ရတာတွေက လက်တစ်ကမ်းမှာ ရှိနေပြီးသားဖြစ်လို့ မလေ့လာပဲ မသိဘူးတစ်ခုနဲ့သာ မဖြစ်စေလိုကြောင်း ပြောဆိုခဲ့ပြီ “ဒီနှစ်အကယ်ဒမီက ကျွန်တော့်ရဲ့ နှုတ်ဆက်ပွဲဖြစ်မှာပါ” ဟု ပြောဆိုခဲ့ပါတယ်။
 
Ref:အိုအေစစ်

05 Dec 2016     1,646 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS