ကရာချိမြို့ ဟိုတယ်မီးလောင်၊ ၁၁ဦးသေဆုံး
05 Dec 2016 1,488 Views

ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ ကရာချိက ကြယ်လေးပွင် ဟိုတယ်တလုံးမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် အမျိုးသမီး ၃ဦးအပါအ၀င် အနည်းဆုံး လူ ၁၁ဦးသေဆုံးကာ နိုင်ငံခြားသားများ အပါအ၀င် လူ ၅၀ ကျော်ဒဏ်ရာရရှိကြောင်း AP သတင်းက ဆိုပါတယ်။ ယနေ့နံနက်စောစောပိုင်းဖြစ်ပွာခဲ့တဲ့ မီးလောင်မှုဟာ ဟိုတယ်မီးဖိုချောင်မှ စတင်တာဖြစ်ပြီး၊ မီးလောင်မှုဖြစ်စဉ်ကို တိတိကျကျ မသိရသေးဘူးလို့ ကရာချိရဲတပ်အရာရှိ Tauqeer Naeem ကဆိုပါတယ်။
သေဆုံးသူတချို့ဟာအသက်ရှုကျပ်တာကြောင့်ဖြစ်ကြောင်း၊ နိုင်ငံခြားသားတချို့လည်း မီးလောင်ဒဏ်ရာတွေကြောင့် ကုသမှုခံယူနေကြောင်း ကရာချိ ဂျင်နပ်ဆေးရုံမှ ဆရာဝန် ဒေါက်တာ ဆီမီ ဂျမေလီကဆိုပါတယ်။
Credit : theirrawaddyburmese/