BMW ကုမ္ပဏီက ကားသူခိုးကို အထဲမှာ ပိတ်မိနေအောင် အဝေးထိန်းစနစ်နဲ့ သော့ချခဲ့
05 Dec 2016 1,521 Views

BMW 550i မော်ဒယ်ကားထဲမှာ ပိတ်မိခဲ့တဲ့ ကားသူခိုးကို စီရားတဲလ်ရဲအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ကားပိုင်ရှင်ဖြစ်သူက သူ့ရဲ့ ကားကို မိတ်ဆွေတစ်ဦးဆီ ငှားခဲ့ပြီးနောက် ကားခိုးခံခဲ့ရခြင်းဖြစ်ပါတယ်။ ရဲဌါနမှာ ကားခိုးခံရပြီလို့ သတင်းပို့ခဲ့ပြီးတဲ့နောက် စီရားတဲလ်ရဲဌါနက BMW ကားကုမ္ပဏီကို ဆက်သွယ်ခဲ့လို့ ကုမ္ပဏီက အဝေးထိန်းစနစ်နဲ့ ခိုးခံရတဲ့ကားကို သော့ချခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ကားသူခိုးကို ကားရှေ့ခန်းထိုင်ခုံမှာ အိမ်ပျော်လျှက် ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြားများလည်း တွေ့ရှိခဲ့တာကြောင့် အမှုနှစ်ခုနဲ့ တရားစွဲ အရေးယူထားခဲ့ပါတယ်။ BMW ရဲ့ နည်းပညာကတော့ အံ့မခမ်းပါပဲ။








