BEC-TERO TV

မြန်မာနှင့်ထိုင်းပွဲစဉ်တွင် ဖမ်းဆီးအရေးယူခံရသူ ၃၆ ဦးရှိခဲ့

06 Dec 2016     1,214 Views


နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားခဲ့သော ဆူဇူကီးဖလား ဆီမီးဖိုင်နယ်တွင် ဆူပူသောင်းကျန်းသူ၊ လက်နက်ကိုင်ဆောင်သူနှင့် လက်မှတ်မှောင်ခိုရောင်းချသူ စုစုပေါင်း (၃၆)ဦး ဖမ်းဆီးအရေးယူထားခဲ့ကြောင်း သတင်းရရှိသည်။
 
ဘောလုံးကွင်းထဲ၌ ဆူပူသောင်းကျန်းခဲ့သူ (၂၄)ဦးကို ပြိုင်ပွဲအပြီးတွင် ခံဝန်ချက်နှင့် ပြန်လွှတ်ခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် လက်နက်များတင်ဆောင်လာသူ အမျိုးသား (၆)ဦးနှင့် လက်မှတ်မှောင်ခိုရောင်းချသူ အမျိုးသမီးနှစ်ဦးကို ရဲအက်ဥပဒေပုဒ်မ ၄၁(၁၄)/၄၁(၁၆) နှင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
မလေးရှားနေ့ပွဲစဉ်တွင် လက်မှတ်မှောင်ခိုရောင်းချသူ (၄)ဦးကို ဖမ်းဆီးရမိခဲ့ပြီး သင်္ဃန်းကျွန်းတရားရုံးမှ ဒဏ်ငွေ (၅၀)စီ ပေးဆောင်စေပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ပွဲစဉ်များတွင် ဆူပူသောင်းကျန်းခဲ့သူအချို့ရှိခဲ့သလို စည်းကမ်းကျနစွာ အားပေးခဲ့ပြီးနောက် ပွဲအပြီးတွင် အမှိုက်များကို လိက်ြလံသိမ်းဆည်းခဲ့သည့် မြန်မာပရိသတ်များလည်း ရှိခဲ့ပါသည်။
 
Ref:7Day
Photo:သရုပ်ဖော်မျှသာ

06 Dec 2016     1,214 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS