BEC-TERO TV

တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံပြုတ်ကျပြီး ဒဏ်ရာရရှိခဲ့သူ သေဆုံး

06 Dec 2016     1,327 Views


အောက်တိုဘာ(၄)ရက်နေ့က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၂)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံလွှတ်ပွဲတွင် မီးပုံပျံလွှတ်ကွင်းအတွင်း မီးပုံပျံပြုတ်ကျခဲ့မှုကြောင့် လူ(၁၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ပြင်ဦးလွင်နှင့် မန္တလေးဆေးရုံတို့ကို တင်ပို့ခဲ့ရသည်။
 
ပြင်ဦးလွင်ဆေးရုံတွင် တစ်လခန့်ဆေးကုသခံယူနေစဉ် အသက်(၂၆)နှစ်အရွယ် မဖြူဖြူသည် ဒီဇင်ဘာလ(၅)ရက် နံနက် ၆ နာရီက သေဆုံးသွားခဲ့ကြောင်း နှလုံးလှကြယ်စင် သွေးလှူအသင်းမှ သိရှိရသည်။ ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးစောက်ရှောက်မှုများကို မပြတ်ပေးခဲ့ပြီး ကွယ်လွန်သွားသည့်အတွက် ထောက်ပံ့ကြေးငွေ (၁၀)သိန်းကျပ်ကိုလည်း ကူညီခဲ့ကြောင်း ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ ဦးကျော်ဌေးကို က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ထိခိုက်မှု ဖြစ်ပွားရခြင်းမှာ တားမြစ်နေသည့်ကြားမှပင် ပရိသတ်ကြည့်ရှုရန်နေရာမှ မကြည့်ပဲ မီးပုံးပျံလွှတ်ကွင်းအတွင်းသို့ အတင်းဝင်ရောက်ကြည့်ရှုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖြည့်စွက်ခဲ့သည်။
 
Ref:7Day
 

06 Dec 2016     1,327 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS