ထားဝယ်ရေနက်ဆိပ်ကမ်း၌ မော်တော်ယာဉ် တိမ်းမှောက်ရာ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး
06 Dec 2016 1,566 Views

၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့်တွင် တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း၌ မော်တော်ယာဉ်တစ်စီး မဆင်မခြင် မောင်းနှင်သဖြင့် တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါလာသူ (၄)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေနက်ဆိပ်ကမ်း ရဲစခန်းပိုင် နယ်မြေအတွင်း ထိန်ကြီးကျေးရွာ အီတာလျံ- ထိုင်း (ITD) ကုမ္ပဏီ ရေစင် အနီးတွင် ယာဉ်မောင်း သက်ဝေလွင် (ဘ) ဦးလှမောင်အေး၊ ထားဝယ်မြို့နေသူမောင်းနှင်လာသော ( 9J . 5198 ) HiAce အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ပဲ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါသူ Mr Boon Chanoen (ထိုင်းနိုင်ငံသား) သေဆုံးပြီး (Mr Visid)ပွန်းပဲ့ဒါဏ်ရာ၊ Mr Kriang Krai(ကျောပြင်/ဝမ်းဗိုက် )ညိုမဲဒါဏ်ရာ၊ မစိုးစိုးမာ(စကားပြန်)နဖူးပြတ်ရှ၊ ယာလက်ဖျံရိုးကျိုး ဒါဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ဒဏ်ရာရသူများ အခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ခရိုင်ရဲစခန်းမှ သတင်းရရှိသည်။
Credit:တနင်္သာရီတိုင်းမ် သတင်းမီဒီယာ







