BEC-TERO TV

ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ်အတွင်းကျပ် ၇၀ ဘီလီယံခန့် အရောင်းအဝယ်ဖြစ်ခဲ့

06 Dec 2016     1,215 Views


ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်နှစ်တာအတွင်းကျပ် ဘီလီယံ ၇၀ ဖိုးခန့်ရှယ်ယာအရောင်းအဝယ်များ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သတင်းရှိပါတယ်။ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာစတင်ရောင်းချသည့် မတ်လတွင်ကျပ် ၂၄ ဘီလီယံကျော်ဖြင့် အများဆုံးရောင်းချခဲ့ပြီး နိုဝင်ဘာတွင်ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်ရှိ၍ အနည်းဆုံးရှယ်ယာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါတယ်။ရန်ကုန် စတော့အိတ်ချိန်း ဧပြီတွင် ရှယ်ယာရောင်းချမှုသည် ကျပ် ၅ ဒသမ ၈ ဘီယံကျော်သို့ကျဆင်းခဲ့သော်လည်း မေလတွင် ကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

သို့သော် ဇွန်လတွင် ကျပ် ၆ ဒသမ ၈ ဘီလီယံကျော်သို့ အရောင်းအဝယ်ပြန်လည်ကျဆင်းခဲ့ပြီး ရောင်းအားဆက်တိုက်ကျဆင်းခဲ့ပါတယ်။အောက်တိုဘာလတွင် ကျပ် ၄ ဘီလီယံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ “စတော့အိတ်ချိန်း အစပျိုးချိန်မှာတော့ အချိန်ယူရဦးမယ်။တစ်နှစ်အတွင်းမှာ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အများပိုင်ကုမ္ပဏီတွေများလာပြီး ရှယ်ယာရင်းနှီးမြှုပ်နှံ့ဖို့လို့ မြင်လာဖို့အရေးကြီးတယ်။ဒါကြောင့် အောင်မြင်ပြီးကုမ္ပဏီ ဆယ်ခုလောက် အနည်းဆုံးရှိမယ်ဆိုအောင်မြင်မယ်”ဟု Thura Swiss ၏အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောပါတယ်။

Soure : 7day daily


06 Dec 2016     1,215 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS