BEC-TERO TV

မလေးရှားက မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိတယ်လို့ ပြောလိုက်တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း

06 Dec 2016     2,162 Views


မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း “ဆေးဟာမစ်” နှင့် အစ္စလာမ်မစ်ပေါင်းစည်းရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံဟာ အာဆီယံကိစ္စနဲ့ နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပေးခဲ့မှုတွေအတွက် မလေးရှားနိုင်ငံကို ကျေးဇူးရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
 
မလေးရှားဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲဝင်ဖြစ်လာအောင် အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ အတိုက်အခံပြုပြီး သွင်းပေးထားရတာဖြစ်ကြောင်းနှင့် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပက်သက်ပြီး ဒီမိုကရေစီလမ်းစဉ်တွေအပေါ် လေးစားလိုက်နာဖို့ စစ်သံမှူးတွေနဲ့ တွေ့ဆုံကာ ပြောကြားပေးခဲ့ကြောင်းနှင့် မလေးရှားနိုင်ငံရဲ့  ဂုဏ်သတင်းထိပါးနိုင်တဲ့ ကိစ္စမျိုးကိုတောင် အရဲစွန့်ကာ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ထားရှိသင့်တဲ့ ဆက်ဆံရေးကိစ္စကို မလေးရှားအထူး သံတမန်အဖွဲ့က  စစ်ခေါင်းဆောင်တို့ ကို ပြောဆိုဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
 
မလေးရှားအစိုးရအနေနဲ့ ပါဝင်ပက်သက်ရတယ်ဆိုတာ သူတို့ကိုယ်တိုင် ရိုဟင်ဂျာ(ဘင်္ဂလီ)တွေကို လက်ခံထားရပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ယခုလိုဖိတ်လျှံပျံ့ကြဲလာမှုကို လက်ခံသင့်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် စော်ကားလိုစိတ်မရှိ၊ နိုင်ငံရေးကို ဝင်စွက်တာမျိုးမဟုတ်ပဲ ပြစ်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကိုတော့ အာဆီယံအဖွဲဝင်နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက် အတူတစ်ကွဖြေရှင်းစေချင်တဲ့ဆန္ဒပါလို့ ပြောကြားခဲ့ပါတယ်။
 
Ref:FMT

06 Dec 2016     2,162 Views




RELATED

Most Popular of International News

Most Popular of NEWS