BEC-TERO TV

ကွန်တိန်နာယာဉ်များ ညဘက်သီးသန့်ပြေးဆွဲမှု အစီစဉ် ယနေ့စတင်

07 Dec 2016     1,243 Views


ရန်ကုန်မြို့တော်အတွင်း ကွန်တိန်နာ(ကုန်သေတ္တာ)ယာဉ်များအပါအဝင် ကုန်တင်ယာဉ်ကြီးများ ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ ပြေးဆွဲရမည့်အစီအစဉ်ကို ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ အတည်ပြုကျင့်သုံးနေပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း လမ်းကျပ်တည်းမှုကိုဖြေရှင်းရန် ကွန်တိန်နာယာဉ်များ ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့တွင် စမည်ဟုကြေညာခဲ့ပြီး ယင်းနေ့တွင် လုပ်ငန်းစရန် အဆင်မပြေသောကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့သို့ ပြောင်းရွှေ့ခဲ့ကာ ထို့ရက်မှတစ်ဆင့် နိုဝင်ဘာလကုန်ပိုင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့စဖြင့် ဆက်တိုက်ရက်ရွှေ့ခဲ့ရာမှ ဒီဇင်ဘာလ ၇ ရက်နေ့မှသာ ယင်းစနစ်ကို အမှန်တကယ်စတင်နိုင်ခဲ့ကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဦးမျိုးညွန့်က ပြောကြားသည်။
 
“နေ့ဘက်မှာ မဖြစ်မနေထုတ်ရမယ့် ကွန်တိန်နာတွေအတွက် Hot Line နံပါတ်တွေ ပေးထားတယ်။ နံပါတ်အတွက် Blue Ocean က ကူညီပေးထားတယ်။ ဆက်သွယ်ရမယ့် နံပါတ်တစ်ခုပဲရှိတယ်။ သူ့အောက်မှာ လိုင်းခွဲတွေ ရာနဲ့ချီရှိတယ်။ စနစ်အပြောင်းအလဲတစ်ခုက အဆင်ပြေ မပြေဆိုတာ တစ်ပတ်လောက် စောင့်ကြည့်ရဦးမယ်” ဟု ဆိုသည်။

07 Dec 2016     1,243 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS