BEC-TERO TV

ကွန်ဆိုင်းမန့်ဖြင့် သွင်းလာသည့်ကားများကို ရောင်းချခွင့်ခြောက်လတိုးမြှင့်ခွင့်ပြု

08 Dec 2016     1,224 Views


ကားအရောင်းစင်တာများတွင် ရောင်းပြီးငွေချစနစ်(Consignment)ဲဖြင့် တင်သွင်းလာသည့် ကားများကို ခြောက်လသက်တမ်းတိုးရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ သတင်းရရှိပါတယ်။ Consignment ဖြင့် တင်သွင်းလာသည့်ကားများကို ယခုနှစ်မကုန်မီ စလစ်ကပ်ရောင်းချ နိုင်ခြင်းမရှိပါက ပြန်လည်တင်ပို့ရမည်ဟုညွှန်ကြားထားသော်လည်း ဒီဇင်ဘာ ၆ ရက်ကပြုသည့် အစည်းအဝေးတွင် ကြီးကော်ကပြန်လည်ဖြေလျှော့ပေး လိုက်ခြင်းဖြစ်ပါတယ်။

ကားရောင်းပြခန်းများတွင် အစီးရေရာနှင့်ချီသောင်တင်နေသော Consignment ဖြင့် တင်သွင်းလာသည့် ကားများသည်မူလက ၂၀၁၆ မကုန်မီစလစ်ကပ်ပြီး အပြီးသတ်ရောင်းချနိုင်ရန်ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လုပ်ငန်းရှင်များနှင့် အစိုးရဖွဲ့အကြား ညှိနှိုင်းမှုအပြီး အချိန်သက်တမ်းတိုးရန် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပါသည်။တစ်နိုင်ငံလုံး၏ ကားတင်သွင်းမှုဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ်မည့် မော်တော်ယာဉ် ဥပဒေသည် လက်ရှိတွင်ပြန်လည်ပြင်ဆင်ရေးဆွဲမှုများနှင့် အတူပြဋ္ဌာန်းနိုင်ရန် ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီကြောင်း သိရပါတယ်။

Soure : 7day daily


08 Dec 2016     1,224 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS