BEC-TERO TV

ရဲစခန်းရဲ့ လစ်လျူရှုမှုကြောင့် သေးဘေးမှ ရုန်းထွက်ခဲ့ရသူ လွှတ်တော်ကိုယ်စားလှယ် ကိုညီညီ

12 Dec 2016     1,708 Views


ဒီဇင်ဘာ (၁၁)ရက်နေ့ ည ၁၀ နာရီခန့်အချိန် လေးဒေါင့်ကန်မှ ပြန်လာသော တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ စီးနင်းလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ကပ်ထားသော “Canter” ကားနောက်သို့ အနက်ရောင် တက္ကစီတစ်စီးမှ လူအပြည့်နှင့် ထပ်ချပ်မကွာလိုက်လာကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။
 
ဖြစ်စဉ်မှာ နောက်မှမကွာ လိုက်လာသော တက္ကစီတွင် လူအပြည့်ပါဝင်ပြီး ဆဲဆိုခြိမ်းခြောက်၍ ကားကိုရပ်တန့်အောင် လိုက်လံလုပ်ဆောင်ခဲ့သည့်အတွက် ဦးညီညီက တောင်ဒဂုံရဲစခန်းသို့ လှမ်း၍ အကူအညီတောင်းခဲ့ပြီး တက္ကစီနံပါတ်နှင့်ပါတိုင်ကြားခဲ့သည်။ အသက်အန္တရာယ် ရှိနိုင်သည့် အတွက် ရဲတပ်ဖွဲ့စေလွှတ်ပေးရန် အကြိမ်ကြိမ် ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ရဲစခန်းမှလည်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှန်း သိကြောင်းရေးသားဖော်ပြထားသည်။ 
 
 
နောက်မှလိုက်လာသော တက္ကစီမှ ရှေ့တွင် ပိတ်ဆို့လိုက် သူတို့က ကွေ့ရှောင်ကျော်တက်လိုက်နှင့် နောက်ဆုံး တောင်ဒဂုံရဲစခန်းသို့ အသက်လုပြီး မောင်းနှင်ခဲ့သော်လည်း ရဲစခန်းရှေ့သို့အရောက်တွင် ကယ်ဆယ်ရေးရဲအဖွဲ့ မလွှတ်ပေးရုံမျှမက ရဲစခန်းဝန်းတံခါးပါ ပိတ်ထားကြောင်း ဦးညီညီက ရေးသားဖော်ပြခဲ့သည်။
 
 
“ကူညီပါရစေ”  ဆိုင်းဘုတ်ရေးသားထားသော်လည်း သူတို့ကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၏ အသက်ကိုတောင် အလေးမထားတော့သည့်နောက် သာမန်အရပ်သားပြည်သူများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မည့်ကိစ္စမှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါသည်။ ထို့အပြင် ၎င်း၏ နေအိမ်ကို အကြိမ်ကြိမ်ဖောက်ထွင်းခံရ၍ သတင်းပေး တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိဟုပါ ရေးသားဖော်ပြခဲ့သည်။
 
 
အထက်ပါအတိုင်း လိုက်လံရန်ပြု လုပ်ကြံခံရသည့် အကြောင်းအရင်းစုံအား သတင်းစာရှင်းလင်းပွဲတွင် အပြည့်အစုံ ပြောပြမည်ဟု ရေးသားဖော်ပြခဲ့သည်။
 
Ref:KoNyiNyi(FB)

12 Dec 2016     1,708 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS