BEC-TERO TV

ဘုတ်ဆုံမ၊ ဒေါ်ထွေး၊ KSS အပါအဝင် နာမည်ကြီး ငရုတ်သီးမှုန့် တံဆိပ်အချို့ အန္တရာယ်ရှိ၍ စျေးကွက်တွင်းမှ ဖယ်ရှားရန် ကြေညာ

12 Dec 2016     3,450 Views


ကျန်းမာရေးနှင့် မသင့်တော်သော “မှိုအဆိပ်” ပါဝင်သည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်များကို အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီက စျေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည် သိမ်းယူရန် အမိန့်ကြေညာစာ ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
 
စားသုံးရန်မသင့် စျေးကွက်တွင်းမှ ပြန်လည်သိမ်းယူမည့် ငရုတ်သီးမှုန့် တံဆိပ်များမှာ-
၁။ ဒေါ်တင် ဆင်ဖြူကျွန်း၂။ OK ထွန်း ၃။ မြို့မဆင်ဖြူတော် ၄။ ဖိုးဝ ၅။ မြန်မာ့ရနံ့ ၆။ ဒေါ်ထွေး ၇။ မခင်အေး (မော်လမြိုင်) ၈။ KSS ၉။ ဘုတ်ဆုံမ အမှတ်တံဆိပ်များ ဖြစ်သည်။ 
 
 
 
ဖော်ပြပါ ငရုတ်သီးမှုန့် တံဆိပ်များမှ (အကြမ်း၊ အနု၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို စျေးကွက်နမူနာ ကောက်ယူ၍ ဓါတ်ခွဲစမ်းသပ်ခဲ့ရာတွင် ခွင့်မပြုဆိုးဆေးများ “မှိုဆိပ်”(Aflatoxin B1) ပါဝင်ကြောင်း တွေ့ရှိရသဖြင့် စျေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည်သိမ်းဆည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 

12 Dec 2016     3,450 Views




RELATED

Most Popular of Food

Most Popular of NEWS