BEC-TERO TV

ရှစ်မိုင်ခုံးတံတားပေါ်တွင် ပြန်ကွေ့ခဲ့သည် အဓိပတိ ယာဉ်မောင်းကိုအလုပ်ထုတ်

12 Dec 2016     1,451 Views


ရန်ကုန်မြို့ ရှစ်မိုင်ခုံးတံတားပေါ်အရောက် ခရီးစဉ်လမ်းကြောင်းမှားရာမှာ ပြန်ကွေ့ခဲ့သည့် အဓိပတိ(အဝါ) ခရီးသည်တင် ယာဉ်မောင်းကို ယနေ့(ဒီဇင်ဘာ ၁၂ ရက်)နံနက်ပိုင်းက မှအလုပ်ထုတ်ပယ်ခဲ့ကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှသိရပါတယ်။ဒီဘာလ ၁၁ ရက် ည ၉ နာရီက အဆိုပါ အဓိပတိ (အဝါ)ခရီးသည်တင်ယာဉ်မှ လှည်းတန်းမှ ရှစ်မိုင်ဘက်သို့ ပြည်လမ်းအတိုင်း ၉၇ ခရီးသည်တင်ယာဉ် တစ်စီးနှင့်အပြိုင် မောင်းနှင်ရာမှ ခရီးစဉ် လမ်းကြောင်းမှားပြီး ရှစ်မိုင်ခုံးတံတားပေါ် ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

“အဓိပတိ အဝါ သွားရမယ့် လမ်းကြောင်းက ရှစ်မိုင်ခုံးတံတားကနေ ကမ္ဘာအေး ဘုရားလမ်းဘက် မောင်းရမှာဖြစ်ပါတယ်။၉၇ လိုင်းကားနဲ့ အပြိုင် မောင်းရင်း ခုံးတံတားပေါ် ရောက်သွားမှ လမ်းကြောင်းမှားမှန်း သတိရပြီး တံတားအလယ်ရောက်မှ ပြန်ကွေ့ခဲ့တာဖြစ်ပါတယ်။ယာဉ်မောင်းကို ခေါ်စစ်ဆေးပြီး အလုပ်ထုတ်လိုက်ပါပြီ”ဟု အဓိပတိယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။အဓိပတိ(အဝါ)ယာဉ်နှင့် ပြိုင်မောင်းခဲ့သော ၉၇ ခရီးသည်တင်ယာဉ်မှာ ခရီးစဉ်လမ်းကြောင်း သတ်မှတ်သည့် အင်းစိန်လမ်းအတိုင်း မပြေးဆွဲဘဲ ပြည်လမ်းမှ မောင်းနှင်ခဲ့ကြောင့် ယာဉ်မောင်းဖြစ်သူကို ဖော်ထုတ်အရေးယူရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

Soure : thevoicemyanmar


12 Dec 2016     1,451 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS