မောင်တောနယ်စပ် စာသင်ကျောင်းများတွင် ဆရာမများနေရာတွင် ဆရာများနှင့် အစားထိုးမည်
13 Dec 2016 1,631 Views

မောင်တောနယ်စပ်မြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာမများ နေရာ၌ ကျောင်းဆရာများကို အစားထိုးခန့်အပ်ခြင်း တစ်နှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောကြားသည်။
အစိုးရအဖွဲ့ဝန်ကြီးနှင့် ဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ်စပ်ရှိ နယ်ခြားစောင့် ရဲစခန်း သုံးခုကို အကာလ်မူလ်မူဂျာဒီဟင်န်အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် တာဝန်ထမ်းဆောင်နေကြသည့် ဆရာမများ စိုးရိမ်မကင်းဖြစ်လာနေသည့်အတွက် မောင်တောနယ်စပ်ဒေသရှိ ကျောင်းဆရာမများ နေရာတွင် အသက် ၃၅ နှစ်အောက် ဆရာများ ခန့်အပ်နိုင်ရန် ရှာဖွေစုဆောင်းလျှက်ရှိကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။
Credit:7Day
Photo:သရုပ်ဖော်မျှသာ







