BEC-TERO TV

ဘန်ကောက်လမ်းညွှန် အတွက် ios နှင့် android အပလီကေးရှင်း သစ် ထွက်ရှိ

13 Dec 2016     1,979 Views


အွန်လိုင်းရှော့ပင်း သမားတွေ ဘန်ကောက်မှာ ဈေးဝယ်တာနဲ့ အလည်အပတ် သွားတာတွေ အတွက် အဆင်ပြေစေဖို့ ဘန်ကောက်လမ်းညွှန် အပလီကေးရှင်း ထွက်နေပီ ဖြစ်တယ်လို့ သိရပါတယ် ။

အပလီ ကေးရှင်းမှာ ဘန်ကောက်အလည်အပတ် ၊ ကားတွေ ရထားတွေ စီးဖို့ အတွက် လမ်းညွှန် ၊ဆေးရုံ လမ်းညွှန် ၊ ဈေးဝယ်လမ်းညွှန် ၊ အပန်းဖြေ ကမ်းခြေတွေ ဖြစ်တဲ့ ဖူးခတ် လမ်းညွှန် ၊ ဟွာဟင်း ကမ်းခြေ နဲ့ ချင်းမိုင် ၊ အယုဒ္ဒ လမ်းညွှန် တွေလည်း ပါဝင်တယ်လို့ သိရပါတယ် ။ ခရီးသွားတွေ အတွက် ဟိုတယ်ခ ၊ ၀င်ကြေး တွေကို ထည့်ပေးထားလို့ ကုန်ကျစရိတ်တွေကို တွက်နိုင်မှာလဲ ဖြစ်ပါတယ် ။ ဈေးဝယ်စက်တာတွေလည်း စုံစုံ လင်လင် ထည့်သွင်း ထားတယ်လို့ အွန်လိုင်းရှော့ပင်း ပြုလုပ်သူတွေ နဲ့ ကိုယ်တိုင် သွားဝယ်ချင်တဲ့ သူတွေ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ် ။

အပလီ ကေးရှင်း က အွန်လိုင်းသမားတွေ ဈေးဝယ်တဲ့ အခါအဆင်ပြေပြေ သွားလာ ၊ တည်းခိုနိင်အောင် တီထွင်ထားသော ဖြစ်ပြီး android အတွက်ရော iOS မှာပါ သုံးလို့ ရမှာ ဖြစ်ပါတယ် ။

 

 

ဖုန်းက လမ်းညွှန်ကို menu / home button တွေကနေလည်း ဖတ်လို့ ရမှာ ဖြစ်ပါတယ် ။ Internet Connetion မရှိပေမဲ့ လည်း ၀င်ဖတ်လို့ ရမှာ ဖြစ်ပါတယ် ။ ပုံတွေကိုတော့ မြင်ရမှာ တော့ မဟုတ်ပါဘူး ။

Credit:7Day daily


13 Dec 2016     1,979 Views




RELATED

Most Popular of Special or Others

Most Popular of NEWS