BEC-TERO TV

သွေးမျိုးအစားက ပြောတဲ့ သင့်ရဲ့စိတ်နေသဘောထားနှင့် အလိုက်ဖက်ဆုံး ချစ်သူ

14 Dec 2016     1,687 Views


“A” သွေးပိုင်ရှင်
 
“A” သွေးပိုင်ရှင်များဟာ သူတစ်ပါးကို ဦးစားပေးတတ်တဲ့ စရိုက်သဘာဝ ပိုင်ရှင်ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ခံစားချက်တွေ၊ စကားတွေကို ဂရုတစိုက် နားထောင်ပေးတတ်သူဖြစ်ပြီး အကောင်းဆုံးသူငယ်ချင်း ဖြစ်ထိုက်သူပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို ဖော်ထုတ်ဖို့တော့ ဝန်လေးတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးချင်သူပါ။ ဒါကြောင့်မို့ တစ်ခါတစ်ရံ စိတ်သောကရောက်ခြင်း စိတ်ဓါတ်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။
 
“A” သွေးပိုင်ရှင်တွေကို စာရင်းကိုင်၊ စာကြည့်တိုက်မှူး၊ အကျိုးဆောင်ရှေ့နေ၊ စီးပွားရေးပညာရှင်နဲ့ စာရေးဆရာတွေအဖြစ် မြင်တွေ့ရတတ်ပါတယ်။
“A” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “O” သို့မဟုတ် “AB” သွေးပိုင်ရှင်ပဲဖြစ်ပါတယ်။
 
 
“B” သွေးပိုင်ရှင်
 
“B” သွေးပိုင်ရှင်များဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူများလို့ ပြောရပါလိမ့်မယ်။ “A” သွေးပိုင်ရှင်တွေရဲ့ စရိုက်သဘာဝလိုပဲ သူတစ်ပါးရဲ့ ခံစားချက်တွေကို နားထောင်ပေးတတ်ပြီး သူငယ်ချင်းကောင်း ပီသသူများဖြစ်တယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလွယ်တစ်ကူ မဖော်ပြတတ်ပေမယ့် လိုအပ်လာရင်တော့ သူတို့ကိုယ်သူတို့ ရှေ့တန်းတင်တတ်သူများ ဖြစ်ပါတယ်။ 
“B” သွေးပိုင်ရှင်တွေရဲ့ ထူးခြားချက်ကတော့ သူတစ်ပါးရဲ့ လုပ်ပုံကိုင်ပုံ လှုပ်ရှားပုံတွေကို ကြည့်လိုက်ရုံနဲ့ အဲဒီလူရဲ့ သဘောကို အလိုလို သိနေတတ်တဲ့ ဗီဇပါနေခြင်းပါ။ ဒါကြောင့်မို့ “B” သွေးပိုင်ရှင်တွေကို အလွန်တော်တဲ့ စိတ်ရောဂါအထူးကု ဆရာဝန်၊ စုံထောက်၊ သတင်းစာဆရာတွေအဖြစ် တွေ့ရတတ်ပါတယ်။
“B” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “A” သို့မဟုတ် “AB” သွေးပိုင်ရှင်များပဲဖြစ်ပါတယ်။
 
 
“AB” သွေးပိုင်ရှင်
 
“AB” သွေးပိုင်ရှင်များဟာ သွေးအုပ်စုတွေထဲမှာ ထူးခြားတယ်လို့ ဆိုရပါမယ်။ အကျိုးအကြောင်း ဆင်ခြင်နိုင်ပြီး အေးဆေးတည်ငြိမ်တဲ့ စရိုက်သဘာဝရှိသူပါ။ ဘာမဆို စုစုစည်းစည်းနဲ့ အစီစဉ်တကျလုပ်တတ်သူများဖြစ်ပါတယ်။ အဒရီနယ်ဂလင်းလို ဟိုမုန်းများ ပိုမိုထုတ်လွှတ်တဲ့ သဘာဝကြောင့် တစ်ခုခုဆိုလျှင် ခံစားချက် ပြင်းထန်တက်သူဖြစ်သည်။ “AB” သွေးပိုင်ရှင်များဟာ အများနဲ့ဆက်ဆံရတဲ့ မန်နေဂျာလို၊ သင်းကြားရေးဘက်တွေမှာ ထူချွန်ထက်မြက်သူများဖြစ်သည်။
 
“AB” သွေးပိုင်ရှင်များဟာ အများနှင့် အလိုက်သင့်နေတတ်သူများဖြစ်လို့ အချစ်ရေးမှာ ဘယ်သွေးအမျိုးအစားနှင့်မဆို လိုက်ဖက်ညီစွာ တွဲနိုင်ကြသူတွေ ဖြစ်ပါတယ်။
 
 
“O” သွေးပိုင်ရှင်
 
“O” သွေးပိုင်ရှင်များဟာ အရာရာမှာ စိတ်အားထက်သန်သူများ ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိသူများဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်း ဖြစ်ဖို့ထက်စာရင် အလုပ်တာဝန်ပြီးမြောက်ဖို့ကို ဦးစားပေးတတ်ကြသူများဖြစ်ပါတယ်။ ဒီလို စရိုက်သဘာဝမျိုးရှိသူမို့ “O” သွေးပိုင်ရှင်များက ဦးဆောင်နိုင်မှုအပိုင်းမှာ ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။
“O” သွေးပိုင်ရှင်တွေကို စားရင်းကိုင်၊ နိုင်ငံရေးသမား၊ စီးပွားရေသမား နဲ့ ကုထုံးသမားတော်တွေ အဖြစ် မြင်တွေ့ရနိုင်ပါတယ်။
“O” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “A” သွေးပိုင်ရှင်များပဲဖြစ်ပါတယ်။
 
 

14 Dec 2016     1,687 Views




RELATED

Most Popular of Special or Others

Most Popular of Life Style