အချစ်ခန်းတွေမှာ ကိုယ်လုံးတီးသရုပ်ဆောင်ခဲ့ရတဲ့ Jennifer Lawrence ရဲ့ ဇာတ်ကားသစ်
15 Dec 2016 1,920 Views
“Hanger Game” ရုပ်ရှင်ဇာတ်ကားနဲ့ တစ်ဟုန်ထိုး နာမည်ကြီးမင်းသမီး ဖြစ်လာသူ ဂျနီဖာလောရင့်စ်(Jennifer Lawrence) ရဲ့ ဇာတ်ကားသစ် “Passengers” မကြာမီ ရုံတင်တော့မှာဖြစ်ပါတယ်။ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး မင်းသား ခရစ်ပရတ်(Chris Pratt) နဲ့အတူ သရုပ်ဆောင်ထားပါတယ်။

အဆိုပါဇာတ်ကား၏ အချစ်ခန်းများတွင် နှစ်ဦးသား ကိုယ်လုံးတီးချွတ် ရိုက်ကူးခဲ့ရတာတွေ ရှိတဲ့အတွက် ဂျနီဖာလောရင့်စ် အတွက် အဆင်မပြေဖြစ်မှာကို သူအနေနဲ့ စိုးရိမ်မိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ကင်မရာရှေ့မှာ ကိုယ်လုံးတီးနဲ့ သရုပ်ဆောင်ရတာ တစ်ကယ်မလွယ်ပဲ သူကိုယ်တိုင် ဂျနီဖာလောရင့်စ် နဲ့ ပူးပူးကပ်ကပ် သရုပ်ဆောင်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်လို့ ခရစ်ပရတ် ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့ အမေရိကားမှာ စတင်ရုံတင်မှာဖြစ်တဲ့ “Passengers” ဟာ ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်မှုတွေ ပေးဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမည်။





