BEC-TERO TV

မတော်တရော်ကို ကျီစယ်လွန်းတဲ့ဖခင်ကြောင့် (၇)လသား ကလေးငယ်သေဆုံး

16 Dec 2016     1,307 Views


အသက် ၂၀ အရွယ် ဖခင်ဖြစ်သူ ကိန်းကနေဒီ တစ်ယောက် သူ့သားငယ်လေး အော်စကာရဲ့ ရွှေပန်းကို ဆွဲဆန့်ချင်း၊ ညှစ်ခြင်း၊ လိမ်ခြင်းတို့ကို အပြင် အသက်ရှုမွမ်းအောင် ကလိခဲ့သည့်အတွက် ကလေးငယ်မှာ သေဆုံးသွားခဲ့သည်။
 
 
ကနေဒီသည် ဆေးခြောက်စွဲနေသူ ဖြစ်ပြီး ဆေးမသုံးရသည့်အခါ သွေးဆိုးတတ်သူဖြစ်ကြောင်း ဇနီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် တိုင်ကိုဘီက တရားရုံးတွင် ထွက်ဆိုခဲ့သည်။  ကလေးငယ်၏ လည်ချောင်းကို လက်ချောင်းများနှင့် ဖိနှိပ်ခြင်းတို့အပြင် လက်ဝါးဖြင့် ပါးစပ်ကိုလည်း ပိတ်ထားပြီး ကျီစယ်တတ်သည့် အတွက် သူတို့နှစ်ဦး မကြာခဏ ပြဿနာဖြစ်ရသည်။
 
 
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆေးရုံသို့ အကြောင်းကြားသဖြင့် အသက်ကယ်အဖွဲ ရောက်လာခဲ့သော်လည်း ကလေးငယ် အော်စကာ သေဆုံးသွားခဲ့သည်။ ဆေးစစ်ချက်များအရ မတော်တဆရရှိခဲ့တဲ့ ဒဏ်ရာမျိုးမဟုတ်တဲ့ ၁၃ ခုကို ကလေးငယ်၏ မျက်နှာနှင့် လည်ပင်နေရာတွင် တွေ့ခဲ့ရသည်။ ကလေးငယ်၏ ဝှေးစေ့တွင်လည်း ပွန်းပဲ့ဒဏ်ရာများ တွေ့ခဲ့ရပြီး အဆိုပါ ဒဏ်ရာများက ကလေးငယ်အတွက် နာကျင်မှုအကြီးစားကို ဖြစ်စေနိုင်ခဲ့လိမ့်မည်ဟု ဂျူရီလူကြီးများက သုံးသပ်ခဲ့ကြသည်။
 
 
ကလေးငယ်သေဆုံးမှုအတွက် ဖခင်ဖြစ်သူ ကနေဒီကို ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အာမခံရရှိမှုအတွက် ပြန်လည်သုံးသပ်မည်ဟု ပရက်စတွန်ခရောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ 
အသက် ၁၉ နှစ်အရွယ် မိခင်ဖြစ်သူ ဂျိုဘီကို မိမိ၏ သားသမီးအား ကာကွယ်နိုင်ခြင်းမရှိပဲ သေဆုံးစေခဲ့သည့်အတွက် လူငယ်ပြုပြင်ရေး ဂေဟာတွင် လပေါင်း ၃၀ နေထိုင်ရန် အမိန့်ချမှတ်ခဲ့သည်။
 

16 Dec 2016     1,307 Views




RELATED

Most Popular of International News

Most Popular of NEWS