BEC-TERO TV

၂၀၁၇ မှာ ထွက်ရှိလာမယ့် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းများ

16 Dec 2016     1,273 Views


လာမယ့်နှစ်သစ်မှာထွက်ရှိလာမယ့် ဖုန်းတွေထဲမှာ pc advisor ရဲ့အချက်အလက်တွေကို အခြေခံပြီး ဈေးကွက်မှာအကောင်းဆုံးဖြစ်လာနိုင်တဲ့ စမတ်ဖုန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ စမတ်ဖုန်းသစ်တွေမှာ မျက်ဝန်းနဲ့ဖတ်နိုင်တဲ့ နည်းပညာသစ်တွေကို ထည့်သွင်းဖို့ကြိုးစားလာကြပြီး စွမ်းဆောင်ရည်ပိုင်းမှာ လည်း RAM တွေကိုမြှင့်တင်ပြီး ဖုန်းရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို အဆင့်မြှင့်လာတာတွေ့ရပါတယ်။

iPhone 8

အိုင်ဖုန်းထုတ်လုပ်တဲ့ အက်ပဲလ်ကုမ္မဏီအနေနဲ့ ယခုနှစ်မှာအဆင့်မြှင့်တင်မှု အနည်းငယ်လုပ်ခဲ့ပြီး iPhone 8 အနေနဲ့ ဒီ ဇိုင်းပိုင်းနဲ့ဟာ့ဒ်ဝဲပစ္စည်းပိုင်း ပေါင်းစပ်ပြောင်းလဲမှုတွေပြုလုပ်သင့်နေပါတယ်။ iPhone 8 က ဖန်သားပြားကို နှစ်ဖက်စွန်း OLED နည်းပညာမျက်နှာပြင်ဖြစ်လာနိုင်ပါတယ်။ ကုမ္မဏီကိုပစ္စည်းပေးသွင်းသူအဆိုအရ ၂၀၁၇ မှာထွက်ရှိမယ့် အိုင်ဖုန်းအသစ်ဟာ ဖန်သားကိုယ်ထည်ဖြစ်လာနိုင်တယ်လို့လည်းဆိုထားပါတယ်။ Touch ID ဖတ်စနစ် ကလည်းဖန်သား မျက်နှာပြင်အောက်မှာ ဖုံးအုပ်ထားမှာဖြစ်ပြီးဖိနှိပ်လို့ရတဲ့ Home ခလုတ်ပါဝင်လာတော့မှာမဟုတ်ပါဘူး။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အိုင်ဖုန်းသစ်ရဲ့အားသွင်းစနစ်မှာလည်း ကြိုးမဲ့နည်းပညာ အသုံးပြုမှာဖြစ် တယ်လို့ဆိုကြပါတယ်။ လုံခြုံရေး နည်းပညာပိုင်းမှာတော့ မျက်နှာဖတ်၊ ဒါမှမဟုတ်မျက်ဝန်းဖတ်ပြီး ဖုန်းကိုlock ဖွင့်နိုင်ပိတ်နိုင်တဲ့ လုပ်ဆောင်ချက်လည်းပါ ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် ပရိုဆက် ဆာသစ် Apple A11 processor ကိုလည်းစမတ် ဖုန်းမှာအသုံးပြုနိုင်ပါတယ်။

HTC 11

လာမယ့်ဧပြီလမှာ HTC 11 ကုမ္မဏီက မိတ်ဆက်မယ့်ဖုန်းအသစ်ဖြစ်ပါတယ်။ အိတ်ခ်ျတီစီကုမ္မဏီက ပြီးခဲ့တဲ့နှစ်တွေမှာ ကျင်းပခဲ့တဲ့ MWC ပွဲမှာ စမတ်ဖုန်းထုတ်ကုန်သစ်တွေကို မိတ်ဆက်လေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၆ မှာတော့ အဲသည်ပွဲမှာ ထုတ်ကုန်သစ် HTC ၁၀ ကိုMWC မှာ ပြသမိတ်ဆက်တာမလုပ်ဘဲ ကုမ္မဏီက ကိုယ်တိုင်မိတ်ဆက်လိုက်ပါတယ်။ HTC 10 ဖုန်းကိုဆက်ခံမယ့်စမတ် ဖုန်းအသစ် HTC 11 ကိုလည်းလာမယ့်ဧပြီလထဲမှာ မိတ်ဆက်ဖို့ မျှော်လင့်နေရတာဖြစ်ပါတယ်။ အ ဆင့်မြှင့်တင်မှုတွေအနေနဲ့ ပရိုဆက်ဆာပိုင်းနဲ့ RAM ပိုင်းမှာ ပိုမိုအားကောင်းလာနိုင်ပြီး သက်တမ်းပိုမိုကြာရှည်တဲ့ ဘက်ထရီ ကိုလည်း အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

LG G6

LG ကုမ္မဏီက ဖေဖော်ဝါရီလမှာ မိတ်ဆက်ပေးမယ့် စမတ်ဖုန်းအသစ်ဖြစ်ပါတယ်။ သတင်းတွေအရ G6 အတွက်ပုံမှန်ဒီဇိုင်းကို ရပ်ဆိုင်းပြီး မျက်နှာပြင်ရောကျောဘက်ပါ ဖန်သားနဲ့တည်ဆောက်ဖွယ်ရှိပါတယ်။ Galaxy S စီးရီးဖုန်း တွေနဲ့ပြိုင်ဆိုင်လာနိုင် ပြီး မြန်ဆန်တဲ့ ကြိုးမဲ့အားသွင်း စနစ်ပိုင်း၊ ပရိုဆက်ဆာပိုင်းနဲ VR နည်းပညာပိုင်းအတွက် ဂရပ်ဖစ်ပိုင်းမှာ အဆင့်မြှင့်တင်မှု တွေပြုလုပ်လာဖို့ လုပ်ထားတဲ့ဖုန်းဖြစ်ပါတယ်။ Microsoft Surface Phone သည်ဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေအများကြီးထွက်ပေါ်မထားပေမဲ့ မိုက္ကရိုဆော့ဖ်အနေနဲ့ စမတ်ဖုန်းအသစ်တစ်လုံးကို  ဖန်တီးဖို့လုပ်ဆောင်နေတယ်လို့ Wired သတင်းမှာဖော်ပြထားပါတယ်။ Sur-face Phone အနေနဲ့ အမှန် တကယ်ထွက်ရှိ လာမယ်ဆိုရင် ၅.၅ လက်မ Quad- HD AMOLED မျက်နှာပြင်၊ 4GB RAM နဲ့ သိုလှောင်မှုမမ်မိုရီ 64 GB နဲ့ 128 GB ‘ 64 – bit Intel processor ဖြစ်ပါတယ်။ ကင်မရာကတော့ ကျောဘက် 21 MP နဲ့ ရှေ့ကင်မရာ 8MP ဖြစ်လာနိုင်ပါတယ်။ Surface Pen လည်းပါဝင်လာနိုင်ပြီး USB- C port ပေါက်လည်းပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

OnePlus 4

OnePlus 4 နာမည်ကြီး One Plus 3 ဖုန်းကို အဆင့်မြင့် ဗားရှင်းနဲ့ထွက်ပေါ်လာမယ့်စမတ်ဖုန်းသစ်ဖြစ်ပါတယ်။ One Plus အသုံးပြု သူတွေအတွက် စမတ်ဖုန်းသစ်ကိုလာမယ့် ဧပြီလ ဒါမှမဟုတ် မေလမှာ One-Plus 4 ကို မိတ်ဆက်မှာဖြစ်ပါ တယ်။ Snapdragon 821 အစား Snapdragon 830 ကို အသုံးပြုဖွယ်ရှိလာပြီး ၅.၅ လက်မ full HD ဖုန်းမျက်နှာပြင်အစား Quad- HD မျက်နှာပြင်ကို ဖုန်းအသစ်မှာပြောင်းလဲ အသုံးပြုမယ်လို့ သတင်းဌာနတွေကသုံးသပ်ကြ ပါတယ်။ One Plus ဖုန်းမှာ 8GB RAM၊ ကင်မရာကတော့ 21MP ဒါမှမဟုတ် 23 MP ဖြစ်လာနိုင်ပြီး ဘက်ထရီကလည်း 3500 နဲ့ 4000 mAh ကြားသုံးစွဲလာနိုင်ပါတယ်။ အန်းဒရွိုက် 7.0 Nougat အခြေခံတဲ့ကုမ္မဏီရဲ့ ကိုယ်ပိုင် အိုအက်စ်နဲ့ ပြုပြင်ပြောင်းလဲထားတဲ့ UI ပါထွက်ရှိလာနိုင်ပါတယ်။

Samsung Galaxy S8 နဲ့ S8 Plus

ဆမ်ဆောင်းရဲ့ရိုးရာအတိုင်း MWC ပွဲမတိုင်ခင် မိတ်ဆက်တဲ့ကုမ္မဏီရဲ့ အထင်ကရစီးရီးဖုန်းတစ်လုံးဖြစ်ပါတယ်။ ၂၀၁၇ ဖေ ဖော်ဝါရီလမှာ မိတ်ဆက်မှာဖြစ်ပြီး မတ်လအစောပိုင်းမှာ စတင်ဝယ်ယူနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Galaxy S8 နဲ့ S8 Edge ကိုပေါင်းစည်းပြီး ဖုန်းတစ်လုံးအဖြစ်ထုတ်ကာ နောက်ထပ် S8 Plus ဖုန်း ထုတ်လုပ်မယ်လို့သုံးသပ်ပါတယ်။ အမြန်ဆုံးလုပ်ဆောင်နိုင်တဲ့ စမတ်ဖုန်းဖြစ်လာနိုင်ပြီး RAM 8 GB နဲ့ Quad-HD ကနေ Ult-ra- HD အထိ ပြောင်းလဲသွားမယ့် superhigh- resolution ကို ဆမ်ဆောင်းအနေနဲ့မိတ်ဆက်လာနိုင်ပါတယ်။

Credit : kumudranews


16 Dec 2016     1,273 Views




RELATED

Most Popular of Special or Others

Most Popular of NEWS