BEC-TERO TV

ကျန်းမာရေးအတွက် အရေးကြီးတဲ့ ချက်ကို ဖော်ဝတ်ကြတဲ့ မမလေးများအတွက်

16 Dec 2016     1,550 Views


လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ချက်ဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အမေ့ထားခံရဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ချက်ဟာ သန္ဓေသားတွေမိခင်ကိုယ်ခန္ဓာကနေထွက်ခွာပြီးနောက်မှာတော့ သူ့တာဝန်ပြီးဆုံး သွားပြီး မည်သည့်ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများနှင့်ဆက်နွယ်ခြင်းမရှိတော့ဘူးလို့ ထင်ကြပေမယ့် တစ်ကယ်တော့ လူ့ခန္ဓာကိုယ်အသက်ရှင်သန်ခြင်းမှာ အရေးကြီးတဲ့ အောက်ဆီဂျင်ကို ချက်ကနေတဆင့် အနည်းအကျဉ်းကိုရရှိနေဆဲဆိုတာ သိတဲ့ သူနည်းပါတယ်။ ပြီးတော့ ချက်ဟာ အလွန်ပဲနုနယ်ပြီး ထိခိုက်လွယ်ပါတယ်။ ချက်ပေါ်မ၀တ်သင့်ပါဘူး။ချက်ရှိတဲ့ ခါးပိုင်း ကို နွေးထွေးအောင် ထားသင့်ပါတယ်။ချက်ပေါ်ဝတ်ရတာကြိုက်သူတွေအတွက်တော့ အထူးသတိ ထားရမှာက အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေပါတယ်။

ချက်ပေါ်ဝတ်တဲ့သူတွေဟာ အစာအိမ် နှင့် အူလမ်း ကြောင်း ဆိုင်ရာရောဂါတွေဖြစ်တဲ့ အော့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောနဲ့ အအေးမိခြင်းတွေဖြစ် တတ်ပါ တယ်။ အမျိုးသမီးတွေ အတွက်ကတော့ အထူးသဖြင့်ရာသီသွေးပေါ်နေချိန်မှာ ချက်ကို ပိုပြီးဂရုစိုက် သင့်ပါ တယ်။ ရာသီသွေးပေါ်ချိန်မှာ ချက်ကိုနွေးထွေးစွာမထားရင် ဗိုက်နာခြင်း၊ရက်ကြာခြင်း၊ ရာသီသွေး မမှန်ခြင်း တွေကိုဖြစ်တယ် ဟုတ်မဟုတ် စမ်းကြည်ရင် သိပါလိမ့်မယ်။ ချက်ဟာ လူတစ်ယောက်အတွက် သေသည်အထိ အရေးကြီးနေဆဲ ဆိုတာ အားလုံးက မေ့နေကြပါ တယ်။

Soure : apannpyay


16 Dec 2016     1,550 Views




RELATED

Most Popular of Special or Others

Most Popular of Life Style