BEC-TERO TV

ဒိုရေမွန် ကမ္ဘာထဲ ရောက်သွားမယ့် ကော်ဖီဆိုင်

19 Dec 2016     1,528 Views


ရန်ကုန်မှာ ကော်ဖီဆိုင်တွေ ၊ စားသောက်ဆိုင်တွေ နေရာအနှံ့အပြိုင်အဆိုင်ဖွင့်လှစ်လာကြပါတယ် ။ တဆိုင်ထက် တစ်ဆိုင် အပြင်အဆင်ကိုလဲ အများနဲ့ မတူ အဆန်းလေးတွေ လုပ်လာကြပါတယ် ။ဒီတခါမှာတော့ ကာတွန့်ဇာတ်ကောင်လေးဖြစ်တဲ့ ဒိုရေမွန် နဲ့ အလှဆင်ထားတဲ့ ဆိုင်လေးအကြောင်းပြောပြချင်ပါတယ် ။

ဒိုရေမွန်လေးတွေရှိတဲ့ ကော်ဖီဆိုင်လေး နာမည် က ST Cafe ဖြစ်ပါတယ် ။အမှတ် ၈၉ ၊ ပြည်လမ်း ၊ မရမ်းကုန်း ၊ ၈မိုင်မှာ ဖွင့်လှစ်ထားတာလဲ ဖြစ်ပါတယ် ။ ဆိုင်ထဲကို ၀င်လိုက်တာနဲ့ ဂျပန် ကာတွန့်ဇာတ်ကောင်လေး ဖြစ်တဲ့ ဒိုရေမွန် အရုပ်၊ ပန်းချီကား ၊ ပုံလေးတွေနဲ့ အပြည့် အလှဆင်ထားပြီး ရောင်းချ ပေးနေတာကိုတွေ့ရပါတယ် ။ ဆိုင်အတွင်း ကော အပြင်ကော အပြာရောင် အသားပေးအလှဆင်ထားတာကိုလဲ တွေ့ရပါတယ် ။ ဒိုရေမွန် အရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်လို့ ရအောင် နေရာလေးထား ထားပေးတဲ့ အပြင် ဒိုရေမွန် ၀တ်စုံကြီး ၀တ်ဆင်ထားတဲ့ အရုပ်ကြီးနဲ့လဲ အမှတ်တရ ဓာတ်ပုံတွဲရိုက်နိုင်မှာလဲဖြစ်ပါတယ်။

အစားအသောက်အနေနဲ့ ကော်ဖီ ၊လက်ဖက်ရည်မျိုးစုံ ၊ မစ်ရှိတ် ၊အီတာလျံဆိုဒါ ၊ သစ်သီးဖျော်ရည် မျိုးစုံ ၊ Frappease & Float စတဲ့ အမျိုး ၄၀ လောက်ရရှိပြီး ဈေးနှုန်းတွေကတော့ ၈၀၀ ကနေ ၃၀၀၀ ကြားရှိပါတယ် လို့ သိရပါတယ် ။ ကော့တေးကြိုက်တဲ့ သူတွေ အတွက်လဲ ကော့တေးမျိုးစုံ ရရှိပြီး ဈေးနှုန်းကတော့ ၃၀၀၀ ကနေ ၄၅၀၀ ခန့် ရှိပါတယ် ။

Food Selection ထဲမှာဆိုရင် ထူးထူးခြားခြား အနေနဲ့ ရာသီပေါ် အသီးတွေနဲ့ ပန်ကိတ်ကိုဆာတေးလိုမျိုး တုတ်ထိုးထားတဲ့ Fruits Pancake Sakey ၊ အစိမ်းရောင်ခေါက်ဆွဲကို ကြော်ပြီး ပန်ကိတ်နဲ့ တွဲဖက်အလှဆင်ထားတဲ့ Green Angel Fried Noodle ၊ ချော့ကလတ် ငှက်ပျော်သီး ပန်ကိတ် စတဲ့ စင်ကာပူ အစားအစာတွေကို ပြန်လည်ဖန်တီးထားပြီး ဈေးနှုန်းတွေကတော့ ၁၅၀၀ မှ ၂၅၀၀ မထိ ရှိပါတယ် ။ ဘာဂါ ၊ အသားညှပ် ပေါင်မုန့် ၊ စပါကတီ ၊ ကြက်တောင်ပံကြော် စတဲ့ တရုတ်အစားအစာတွေကိုလဲ ရရှိပါတယ် ။

Food Selection တွေထဲက Set Menu တခုကို ကျပ် ၃၅၀၀ သတ်မှတ်ထားပြီး Set Menu ၁၀ ခုထဲက နှစ်သက်ရာ ၃ခု မှာယူရင် တပွဲ လက်ဆောင်ပေးတဲ့ အစီအစဉ် ကို ဇန်န၀ါရီလ ၁ ရက်နေ့ အထိ ထားရှိပေးထားပါတယ် ။ ST Cafe မှာ ဒိုရီမွန် အရုပ်တွေနဲ့ အလှဆင်ထားတဲ့ အပြင် အမှတ်တရ ပစ္စည်းလေးတွေလဲ ရောင်းတယ်လို့ သိရပါတယ်။ အမှတ်တရ ပစ္စည်းတွေကတော့ ဒိုရေမွန် ရုပ်ပုံ စတေကာများ ၊ ဖုန်းအိတ် ၊ ထမင်းဘူး ၊ ရေဘူး ၊ ပိုက်ဆံအိတ်နဲ့ ဒိုရေမွန် အရုပ်လှလှလေးတွေပဲ ဖြစ်ပါတယ် ။

ပစ္စည်းတွေကို စင်ကာပူကနေ တိုက်ရိုက်တင်သွင်းတာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀၀ ထိရှိတယ်လို့ သိရပါတယ် ။ ST Café ဆိုင်ကို မနက် ၁၀ ကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာလဲ ဖြစ်ပါတယ် ။ မွေးနေ့ပွဲ တွေ့ဆုံပွဲတွေလဲ ပြုလုပ်နိုင်တယ်လို့ သိရပါတယ် ။ ချစ်စရာ ဒိုရေမွန်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ချင်တာ ဖြစ်ဖြစ် ၊ ချစ်သူစုံတွဲတွေ ရိုမန့်တစ်ဆန်ဆန် တွေ့ဆုံချင်လို့ပဲ ဖြစ်ဖြစ် ချစ်စရာ ကောင်းတဲ့ ဒိုရေမွန် လေးတွေ ရှိတဲ့ ဆိုင်ကို ဒီဇင်ဘာ ၃ ရက်နေ့ထဲက စတင်ဖွင့်လှစ်လိုက်ပီလဲ ဖြစ်ပါတယ် ။

Credit:7daydaily


19 Dec 2016     1,528 Views




RELATED

Most Popular of Special or Others

Most Popular of Life Style