BEC-TERO TV

Samsung Galaxy C9 Pro ကို အနက်ရောင်ဗားရှင်းနဲ့ထုတ်လုပ်

19 Dec 2016     1,294 Views


သင့်အနေနဲ့ Samsung Phablet တွေထဲက Galaxy Note 7, S7 Edge တို့ရဲ့ နောက် လုပ်ဆောင်ချက်ကောင်းမွန်တဲ့ အမျိုးအစားတစ်ခုကိုရွေးချယ်မယ်ဆိုရင်တော့ Galaxy C9 Pro က သင့်စိတ်ကြိုက်ဖြစ်စေမှာပါ။ သတင်းပေါက်ကြားမှုတွေ ထွက်ပေါ်ခဲ့အပြီးမှာတော့ Samsung ဟာ C9 Pro ရဲ့ အနက်ရောင်ဗားရှင်းကို ထုတ်ဖော်လိုက်ပါတယ်။ ယခင်ဖော်ပြထားခဲ့သလိုပဲ ပုံစံအနေအထားအရတော့ ယခင်ဗားရှင်းနဲ့ ပြောင်းလဲမှုမရှိပေမယ့် အရောင်မှာတော့ Gold, Rose Gold တို့လိုအရောင်တွေကို မကြိုက်တဲ့သူတွေအတွက်ကတော့ အဆင်ပြေစေမှာပါ။

Samsung အနေနဲ့ Galaxy S7 Edge ဖုန်းကို Black Pearl ဗားရှင်းနဲ့ ထုတ်ဖော်ခဲ့ပြီးနောက်မှာ C9 Pro ဟာ အရောင်ဗားရှင်းအကွဲနဲ့ ထုတ်လုပ်တဲ့ ဖုန်းအမျိုးအစားတစ်မျိုးဖြစ်လာခဲ့ပါတယ်။ Galaxy C9 Pro ဟာ မျက်နှာပြင်အကျယ် ၆လက်မရှိမှာဖြစ်ပြီး 1080p Super AMOLED panel ကိုအသုံးပြုထားပါတယ်။ Snapdragon 653 SoC, 6GB RAM နဲ့ 64 GB Storage တွေပါဝင်တယ်လို့ သိရပါတယ်။ ကင်မရာအနေနဲ့ 16MP, f/1.9 ကျောကင်မရာနဲ့ ရှေ့ကင်မရာဟာလည်း 16 MP ရှိပါတယ်။ Dual SIM အမျိုးအစားဖြစ်ပြီး Androoid 6.0 Marshmallow နဲ့ ဘက်ထရီပမာဏ 4000 mAh တို့ပါဝင်တယ်လို့ သိရပါတယ်။

Credit : akhayar


19 Dec 2016     1,294 Views




RELATED

Most Popular of Special or Others

Most Popular of NEWS