စာရွက်စာတမ်းအတုများနှင့် တစ်ဦးချင်းကားပါမစ်လျှောက်သူများ အရေးယူခံရ
20 Dec 2016 1,549 Views

ဘဏ်စာအုပ်အတု၊ မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုများနှင့် တစ်ဦးချင်းကားပါမစ် လျှောက်ထားသူ ၂၀ ဦးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌါနမှ သတင်းရရှိသည်။
စာရွက်စာတမ်းအတုများနှင့် ကားပါမစ်လျှောက်ထားရာတွင် အမည်သာမက နေရပ်လိပ်စာ ကွဲလွဲမှုများပါ ရှိနေကြောင်း သိရှိရပြီးလျှောက်ထားသူတွေကို အေးဂျင့်များနှင့် ပူပေါင်းကာ အရေးယူဆောင်ရွက်နေကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ တစ်ဦးချင်းကားပါမစ်(Free Permit)လျှောက်ထားမှုကို နေပြည်တော်တွင် တစ်ခုထဲတွင်သာ ဆောင်ရွက်ပေးတော့မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် ကားတင်သွင်းခြင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ထိသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref:မြစ်မခ







