BEC-TERO TV

ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးဝယ်ယူမှုစနစ် ပြောင်းမည်

20 Dec 2016     1,392 Views


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ဆေးဝယ်တဲ့ကိစ္စမှာ ကျွန်တော်တို့အနေနဲ့ နောက်နှစ်မှာဆိုလို့ရှိရင်တော့ ကျွန်တော် batch purchase နဲ့ ဝယ်မယ်၊ ကျွန်တော်တို့ တိုင်ပင် ထားတာတော့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ batch purchase နဲ့ဝယ်မယ်၊ ဒီနှစ်မှာ မဝယ်တာက ချက်ချင်းဝယ်လိုက်ရင် ရှုပ် ထွေးသွားနိုင်တယ်ခင်ဗျ၊ ကျွန်တော် ပထမနှစ်မှာတော့ သည်းခံ ပြီး စောင့်လိုက်ရတယ်၊  စောင့် လိုက်တဲ့အတွက် ဆုံးတော့ဆုံးရှုံး ပါတယ်”လို့ ပြည်ထောင်စုလွှတ် တော်မှာ ပြောပါတယ်။အစိုးရသစ် တက်လာပြီးနောက် ဆေးဝါးဝယ်ယူမှုတွေကို စိစစ်ခဲ့ရာ ပိုလျှံဆေးဝါးတွေ များနေတာတွေ၊ ဆေးဝယ်ယူရာမှာ ပြင်ပဈေးထက်ကို ဈေးတွေ မတန်တဆ   များနေတာတွေ တွေ့ရတယ်လို့ သိရပါတယ်။

“နိုင်ငံတော်အတွက် ဆေးဝယ်တဲ့အခါမှာ ကျွန်တော်တို့က  တိုင်းနဲ့ပြည်နယ်အနှံ့ ဝယ်တဲ့အခါ မှာ ဆေးတစ်မျိုးတည်းကို ဈေးအ မျိုးမျိုးနဲ့ ဝယ်နေတာ တွေ့ရပါတယ်၊ ဒါတွေက နောက်နှစ်တွေမှာ batch purchase နဲ့ ဝယ်မယ် ဆို ရင်တော့ ပိုက်ဆံတော်တော်လေး ပိုထွက်လာမယ်လို့ မြင်ပါတယ်၊ ကျွန်တော်သေချာလဲ ဦးစားပေးလုပ်ပါမယ်”လို့ ဝန်ကြီးက ပြောပါတယ်။

လက်ရှိ ဆေးဝယ်ယူမှုတွေမှာတော့ တင်ဒါခေါ်တယ်၊ ဆေးရောက်မှ ပိုက်ဆံချေတဲ့ စနစ်နဲ့ သွားနေပါတယ်။ ကျန်းမာရေးဝန် ကြီးဌာနရဲ့ ဘတ်ဂျက်အသုံးစရိတ် ကိုကြည့်တဲ့အခါ ဆေးဝယ်တဲ့နေရာ ပြဿနာမရှိပေမဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေမှာ အလွန်ပြဿ နာ ရှိနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ပြည်တွင်းဆေးဝါးစက်ရုံ (ဘီပီအိုင်)ထုတ် ဆေးဝါးတွေကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ထားမှုတွေကို စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဘီပီအိုင်ထုတ်ဆေးတွေကို တပ်မတော် ဆေးရုံတွေမှာ အများဆုံး အသုံးပြု နေကြပြီး ပုဂ္ဂလိက ဆေးရုံတွေမှာတော့ ပြင်ပဆေးသုံးစွဲမှုများပါတယ်။ဘဏ္ဍာငွေသုံးစွဲရာမှာ ဘတ်ဂျက်ကုန်ခါနီးမှ  အလျင်စလို ဖုတ်ပူ မီးတိုက်သုံးစွဲခြင်း မဖြစ်အောင်လည်း လုံးဝဂရုစိုက်မယ်လို့ ဝန်ကြီးက လွှတ်တော်တွင်းမှာ ပြောပါတယ်။

Soure : kumudranews


20 Dec 2016     1,392 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS