BEC-TERO TV

ကော်ဖီသောက်ရင်း ကာမအရသာခံစားစေမယ့် လန်ဒန်က 18+ ကော်ဖီဆိုင်

20 Dec 2016     2,160 Views


လိင်လုပ်ငန်းစွန့်ဦးတီထွင်သူ စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ “ဘရတ်လေ ချားဗတ်” က တုံ့ပြန်မှုပေးနိုင်တဲ့ ဆီလီကွန် လိင်ဖျော်ဖြေရေး အရုပ်များကို အသုံးပြုပြီး လန်ဒန်မြို့မှာ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်နေသူဖြစ်ပါတယ်။
 
 
သူ့ရဲ့ ကော်ဖီဆိုင်မှာ အဆင့်မြင့် လိင်ဖျော်ဖြေရေး စက်ရုပ်မလေးတွေကို အသုံးပြုပြီး ကော်ဖီဆိုင်ကို လာရောက်အားပေးသူများ ကော်ဖီသောက်နေစဉ်တွင် စားပွဲခုံအောက်မှနေ၍ ကာမအရသာကို အရုပ်မလေးတွေက အပြည့်အဝ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ 
သူနာပြုမ၊ ရဲမေ၊ ကျောင်းသူ နဲ့ အတွင်းရေးမှူးမလေး များအဖြစ် ရွေးချယ်နိုင်ရန် အရုပ်(၄)မျိုး ခွဲခြားထားပြီး ကော်ဖီသောက်မည့်သူက iPad ကနေ စိတ်ကြိုက် အရုပ်တစ်ခု ရွေးချယ်ပေးလိုက်ရုံဖြစ်ပါတယ်။ မှာထားတဲ့ ကော်ဖီရောက်လာချိန်မှာတော့ ကိုယ်ရွေးထားတဲ့ အရုပ်မလေးက ထွက်လာပြီး ကာမ ရသ ဝန်ဆောင်မှုကို အပြည့်အဝပေးမှာဖြစ်ပါတယ်။
 
ကော်ဖီနဲ့ ရသခံစားမှုအတွက် ၁၅ မိနစ်စာကို စတာလင်ပေါင် ၆၀ (ကျပ် ၁ သိန်း ၂ သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်၊ ထပ်တိုးဝန်ဆောင်မှုအတွက် ၁၅ မိနစ်စာတိုင်းကို စတာလင်ပေါင် ၁၀ ထပ်ပေါင်းသွားမှာဖြစ်ပါတယ်။
“ချားဘတ်” က ဒီလိုကော်ဖီဆိုင်မျိုးကို ယခုနှစ်အကုန်မှာ ဆွစ်ဇလန်မှာ ဖွင့်လှစ်ဖို့အသင့်ဖြစ်နေပြီး လန်ဒန်တွင် ဖွင့်လှစ်လို့ အောင်မြင်ပါက မန်ချက်စတာမှာ ထပ်မံဖွင့်လှစ်ဖို့ရှိကြောင်း ပြောကြားခဲ့သည်။
 
မှတ်ချက်။  ။ ဗီဒီယိုတွင်ပါဝင်သော ပြကွက်များသည် အသက်ပြည့်ပြီးသူများနှင့်သာ သင့်တော်သည်။

20 Dec 2016     2,160 Views




RELATED

Most Popular of Special or Others

Most Popular of NEWS