BEC-TERO TV

ငွေချေးဖို့ စပေါ်တင်ထားရတဲ့ ကိုယ်လုံးတီးချွတ် ဓါတ်ပုံဗီဒီယိုတွေ အွန်လိုင်းပေါ် ပေါက်ကြားခဲ့

20 Dec 2016     1,757 Views


ရာနဲ့ချီသော တရုပ်အမျိုးသမီးတွေရဲ့ ကိုယ်လုံးတီးချွတ် ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ တရာပ်လူမှုကွန်ယက်မှာ ပေါက်ကြားသွားတဲ့အတွက် အဆိုပါအမျိုးသမီးတွေဟာ အိမ်တွင်းပုန်းနေကြရတော့မယ့် အခြေအနေကို ဆိုက်နေပါတယ်။
 
အဆိုပါ ဓါတ်ပုံ၊ဗီဒီယိုများပါတဲ့ ဖိုင်ဟာ ၁၀ ဂစ်ဂါဘိုက် ပမာဏမျှကြီးမားတဲ့အတွက် ပါဝင်တဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေဟာ အများအပြားပဲလို့ ခန့်မှန်းနိုင်ပါတယ်။ အဆိုပါဖိုင်တွေထဲမှာ အမျိုးသမီး ၁၆၇ ဦးရဲ့ ဓါတ်ပုံဗီဒီယိုတွေသာမကပဲ ကိုယ်ရေးအချက်အလက် အပြည့်အစုံတွေပါဝင်ခဲ့ပါတယ်။
 
 
အမျိုးသမီးအများစုဟာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၇ ခုနှစ် မွေးဖွားကြသူတွေဖြစ်ပြီး သူတို့ဟာ အွန်လိုင်း ငွေချေးတဲ့ ဝဘ်ဆိုက် “Jiedaibao” ကနေ ပိုက်ဆံ ချေးယူခဲ့ကြသူတွေဖြစ်ပါတယ်။ အဆိုပါ ဝဘ်ဆိုက်ကနေတစ်ဆင့် ချေးငွေထုတ်ပေးမယ့် သူတွေဟာ အတိုးယူရုံမျှမကပဲ၊ အကြွေးပြန်မဆပ်ပဲ ရှောင်မပြေးနိုင်အောင် ငွေချေးသူတွေက ကိုယ့်ရဲ့ မှတ်ပုံတင်နှင့်တစ်ကွ အကြွေးပြန်ဆပ်ပါ့မယ်ဆိုတဲ့ စာတန်းကို ကိုင်ပြီး ကိုယ်လုံးတီး ဓါတ်ပုံရိုက်ကာ အပေါင်အဖြစ် ပေးပို့ရပါတယ်။ အကယ်၍ အကြွေးပြန်မဆပ်ခဲ့ရင် သူတို့ရဲ့ မိသားစုထံ အဆိုပါပုံတွေကို ပေးပို့ပြီး အကြွေးပြန်ရအောင် တောင်းဖို့ ရည်ရွယ်ပါတယ်။
 
 
ဒါပေမယ့် အဆိုပါအချက်အလက်တွေအားလုံးဟာ ပေါက်ကြားခဲ့ပြီး ၁၀ ဂစ်ဂါဘိုက်(10GB) ပမာဏ ဇစ်ဖိုင်တွေဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ပေါက်ကြားမှုအတွက် တရားခံကို အာဏာပိုင်များက ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
 

20 Dec 2016     1,757 Views




RELATED

Most Popular of Special or Others

Most Popular of NEWS