BEC-TERO TV

ကိုယ်ဝန်ဆောင်ကချေသည်တစ်ဦး စင်ပေါ်တွင် ဖျော်ဖြေနေစဉ် သေနတ်ထိမှန်သေဆုံး

20 Dec 2016     1,548 Views


အိန္ဒိယနိုင်ငံမှ အသက် ၂၄ နှစ်အရွယ် ကော်လ်ဝင်ဒါကွာ ဆိုသူ ကိုယ်ဝန်ဆောင်ကချေသည်တစ်ဦး ဒီဇင်ဘာ ၃ ရက်နေ့က မင်္ဂလာဆောင်ပွဲတစ်ခုတွင် သူမ၏အကအဖွဲ့နှင့် စင်ပေါ်တွင် ဖျော်ဖြေနေစဉ် သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် သေးဆုံးခဲ့ရသည်။
 
ဖြစ်စဉ်မှာ အဆိုပါသေနတ်သမား အမျိုးသားအုပ်စုသည် ပစ်ခတ်မှုမတိုင်မီက စင်ပေါ်သို့ တက်ကရန် ကြိုးပမ်းခဲ့စဉ် လုံခြုံရေးအဖွဲ့များက တားမြစ်ခဲ့သဖြင့် ပြန်ထွက်သွားခဲ့ကြသည်။ ထို့နောက် ပြောင်းရှည်သေနတ်ယူလာကာ ဖျော်ဖြေရေးစင် အရှေ့မှ မိုးပေါ်သို့ ရမ်းသမ်းပစ်ခဲ့ရာ စင်၏ အရှေ့နားတွင် ကပြနေသော ကော်လ်ဝင်ဒါ ကိုတည့်တည့် ထိမှန်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံးသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် သေဆုံးသွားခဲ့သည်။
 
 သေဆုံးသူ ကချေသည် ကော်လ်ဝင်ဒါကွာ
 
ကော်လ်ဝင်ဒါ၏ ခင်ပွန်းဖြစ်သူက သူ့ဇနီးသည်မှာ ကိုယ်ဝန်သုံးလကျော်ပြီဖြစ်ကြောင်း ယူကျုံးမရပြောဆိုခဲ့သည်။ လတ်တလောတွင် အဆိုပါ လူလေးဦးကို ဖမ်းဆီးအရေးယူထားခဲ့သည်။
 

20 Dec 2016     1,548 Views




RELATED

Most Popular of International News

Most Popular of NEWS