BEC-TERO TV

ဓားဒဏ်ရာနှင့် သေဆုံးနေသော ရေငုတ်သမားတစ်ဦး ထိုင်းနိုင်ငံကမ်းခြေတွင် တွေ့ရှိ

20 Dec 2016     1,748 Views


ထိုင်းနိုင်ငံ စမေးပင်လယ်ကမ်းခြေ ကိုလန်ကျွန်းအနီးတွင် လည်ပင်းပတ်ရှ ဓါးဒဏ်ရာနှင့်သေဆုံးနေပြီး ရေလည်ကျောက်တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ခံထားရတဲ့ ရေငုတ်သမားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။
 
ရေပေါ်စကိတ်စီးသူတစ်ဦးက အလောင်းကို အမှတ်မထင်တွေ့ရှိခဲ့ပြီး သေဆုံးသူဟာ ရေငုတ်ဝတ်စုံဝတ်ဆင်ထားလျှက် ကျောပိုးအိတ်တစ်လုံးလွယ်ထားကာ မှောက်လျက်သေဆုံးနေတာကို မြင်တွေ့ခဲ့တဲ့အတွက် ရဲကိုအကြောင်းကြားခဲ့ပါတယ်။ ကျော်ပိုးအိတ်ထဲမှာ ထိုင်းဘတ်ငွေ ၁,၅၀၀ ကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူဟာ အရပ် ၅ ပေ ၆ လက္မရှိပြီး အသက် ၄၅ နှစ်နဲ့ ၅၀ ကြား အနောက်တိုင်းသားတစ်ဦးလို့ ရဲတွေ မှတ်တမ်းတင်ခဲ့ပါတယ်။
 
 
သေဆုံးသူကို ချည်နှောင်ခဲ့တဲ့ ကွန်ကရစ်ရေလည်တိုင်ရဲ့ အောက်ခြေကို ရေငုတ်စစ်ဆေးခဲ့ရာတွင် အသက်ရှုပိုက်တစ်ချောင်း၊ ဓါးတစ်လက်နဲ့ ရေကူးခေါင်းစွပ်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ ရဲအဖွဲ့က အပန်းဖြေစခန်းပိုင်ရှင်ကို စစ်ဆေးမေးမြန်းခဲ့ပေမယ့် သေဆုံးသူကို သိရှိတဲ့သူ မရှိခဲ့ပါဘူး။ ရေငုတ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ကတော့ သူ့ဆီမှာ ဝယ်ဖူးသူတစ်ယောက်နှင့် တူသလိုလိုရှိကြောင်း ပြောဆိုခဲ့ပြီး ရှရှားစကားပြောနေတာ ကြားခဲ့ဖူးကြောင်း ပြောပြခဲ့ပါတယ်။ 
လောလောဆယ်မှာတော့ အလောင်းကို ဆေးစစ်ချက် အဖြေရဖို့ ဘန်ကောက်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
 

20 Dec 2016     1,748 Views




RELATED

Most Popular of International News

Most Popular of NEWS