BEC-TERO TV

သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေကို မောင်းထုတ်နည်း

20 Dec 2016     2,126 Views


အစားအစာရှိတဲ့နေရာမှာ ကြွက်တွေ ပျော်ကြပါတယ်။ အထူးသဖြင့် ၎င်းတို့အတွက် အစားအစာ လွယ်ကူတဲ့နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်။ ကြွက်က လူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံး သိပြီးသားပါ။ တစ်ချို့က ကြွက်ကို ထောင်ခြောက်နဲ့ဖမ်းပြီး သတ်ကြပါတယ်။ ဒါကတော့ အကုသိုလ်များတဲ့ နည်းပေါ့။ အကုသိုလ်ကင်းကင်းနဲ့ အိမ်မှာ ကြွက်မနေနိုင်အောင် လုပ်ဖို့ ဖော်ပြလိုက်ပါတယ်။
 
(၁) ငရုတ်ဆီ+ဂွမ်း
 
ဂွမ်းစတွေကို အလုံးကလေးတွေ လုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကြင်လည်ရာ နေရာတစ်လျှောက်မှာ ချထား လိုက်ပါ။ ကြွက်တွေက ငရုတ်ဆီကို ကြောက်ကြပါတယ်။ 
 
(၂) လေညှင်းဆီ+လေညှင်းပွင့်
 
ကြွက်တွေ မခံနိုင်တဲ့ အနံ့ထဲမှာတော့ လေညှင်းနံ့လည်း ပါဝင်ပါတယ်။ လေညှင်းနံ့ နံတဲ့နေရာဆိုရင် ကြွက်တွေက နောက် တစ်ကြိမ် ထပ်မလာတော့ဘူးလို့တောင် သိရပါတယ်။ လေညှင်းပွင့် လေညှင်းဆီကတော့ အိမ်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အိမ်လည်း ပေကျန်မှု မဖြစ်တဲ့အပြင်၊ လူတွေ ကိုင်မိရင်လည်း ပူလောင်ခြင်း စသည်တို့ မဖြစ်စေပါဘူး။
 
(၃) ပရုတ်လုံး
 
ပရုတ်လုံးထည့်တဲ့ သေတ္တာလေးထဲမှာ ကြွက်နေတတ်တဲ့နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ။ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။
 
(၄) ဆပ်ပြာမှုန်+ငရုတ်ဆီ
 
ဆပ်ပြာမှုန့်ကို ရေနဲ့နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ ငရုတ်ဆီအနည်းငယ်ထည့်ပြီး Spray ဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖြန်းပေးပါ။ သုံးလေးရက် တစ်ခါလောက်မှ ဒီနည်းကို သုံးလို့ရပါတယ်။ ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စာရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
 

20 Dec 2016     2,126 Views




RELATED

Most Popular of Special or Others

Most Popular of NEWS