BEC-TERO TV

စကတ်အောက်ကနေ ဓါတ်ပုံရိုက်ခံရတဲ့ သတင်းထောက်မလေးက အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်တင်ပြီးပညာပေး

20 Dec 2016     2,353 Views


ထိုင်ဝမ် တယ်လီဗီးရှင်းသတင်းထောက် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် သူမ၏ စကတ်အောက်မှနေ၍ ဖုန်းကင်မရာနှင့် ဓါတ်ပုံရိုက်ခဲ့သူ စတိုးဆိုင်မန်နေဂျာအား မီဒီယာကနေ ပြန်လည် ပညာပေးဆုံးမလိုက်ပါတယ်။
 
လွန်ခဲ့သော သီတင်းပတ်က အသက် ၃၂ နှစ်အရွယ် ထိုင်ဝမ်သတင်းထောက် ဂလော်ရီလီဟာ အမောပြေသောက်ရန် အအေးဝယ်ယူဖို့ မိသားစုစတိုးဆိုင်တစ်ခုကို ရောက်သွားခဲ့သည်။ အဲသည့်အချိန်မှာ စတိုးဆိုင်မန်နေဂျာဖြစ်သူ ချန်းရှီချန်းက မဘောင်မလည်နဲ့ ရောက်လာခဲ့ပြီး သူမက အအေးဗူးများထားရှိသည့် ရေခဲသေတ္တာကို ဖွင့်ပြီး အအေးဗူးလှမ်းယူစဉ် ချမ်းက သူမ၏ စကပ်အောက်ကို လက်ရှိုကာ ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ခဲ့ခြင်းဖြစ်ပါတယ်။
 
 
ဒါပေမယ့် ကံဆိုးချင်တော့ သူ့ရဲ့လက်က သူမရဲ့ပေါင်နဲ့ ပွတ်မိသွားတာကြောင့်  ဓါတ်ပုံမရိုက်မိပဲ လူမိသွားခဲ့ခြင်းဖြစ်ပါတယ်။ ဂလောရီက အဆိုပါ စီစီတီဗီပုံရိပ်ကို သိမ်းယူခဲ့ပြီး ချမ်းကို ပညာပေးသည့်အနေနဲ့ အွန်လိုင်းပေါ်မှာ လွှင့်တင်ရေးသား ဖော်ထုတ်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင် လွှင့်တင်ပြီး မကြာမီမှာပဲ ချမ်းလဲ မိသားစုစတိုးဆိုင်ကနေ အလုပ်ပြုတ်သွားပါတော့တယ်။ 
 

20 Dec 2016     2,353 Views




RELATED

Most Popular of Special or Others

Most Popular of NEWS