BEC-TERO TV

ပိုင်ရှင်မဲ့ မြန်မာနိုင်ငံသား အလောင်းနှစ်လောင်း မလေးရှားတွင် သောင်တင်နေ

21 Dec 2016     1,472 Views


အောက်တိုဘာလ အတွင်းက မလေးရှားနိုင်ငံတွင် အသတ်ခံခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်း ဆီလန်ဂေါပြည်နယ် ဘန်တီးဆေးရုံတွင် ပိုင်ရှင်မဲ့ ဖြစ်ကာ သင်္ဂြိုလ်နိုင်ခြင်း မရှိသေးပဲ သောင်တင်လျှက်ရှိကြောင်း ကပုန်း (၇) ရက် သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။
 
မြန်မာလုပ် သား စည်သူဝင်း(နိုင်ငံကူးလက် မှတ်အမှတ် -MA699443)နှင့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထား သူ မွန်စိုး(UNHCR ကတ်အမှတ် -354-10C09800)တို့ သေဆုံးသွား၍ မလေးရှားရှိ ကွာလာလန်ဂတ်ရဲတပ်ဖွဲ့က သံရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၂၀ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
 
သေဆုံးသူနှစ်ဦးကို    မီးသင်္ဂြိုဟ်ရေးအပါအဝင် နာရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မိသားစုဝင်များ၏ သဘောတူညီချက် လိုအပ်သောကြောင့် သေဆုံးသူ၏ မိသားစုဝင်များ ကွာလာလမ်ပူမြို့ ရှိ မြန်မာသံရုံးထံ ဆက်သွယ်အကြောင်းကြားရန်  ထုတ်ပြန်ထား သည်။
 
Credit:7Day
 

21 Dec 2016     1,472 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS