BEC-TERO TV

လွှတ်တော်အစည်းအဝေးအတွင်း ဂျာနယ်ဖတ်နေသည့် ဒီချုပ်ကိုယ်စားလှယ်တစ်ဦးကို ဥက္ကဋ္ဌသတိပေး

21 Dec 2016     1,403 Views


လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် ဂျာနယ်ဖတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ကို လွှတ်တော်စည်းကမ်းလိုက်နာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြင်းထန်စွာသတိပေးလိုက်သည်။
 
‘‘ဦးမျိုးဇော်အောင် လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်ဖို့မဟုတ်ဘူးနော်။ ခင်ဗျားတို့ စည်းမဲ့ကမ်းမဲ့လုပ်ဖို့ မစဉ်းစားနဲ့။ စည်းမဲ့ကမ်းမဲ့ လုပ်မယ်ဆို လွှတ်တော်ထဲဝင် မလာနဲ့’’ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြား ခဲ့သည်။
 
ကောလင်းမြို့နယ် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်သည် ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေးချိန်အတွင်း လွှတ်တော်ဂျာနယ်ကို ဖတ်နေခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ သတိပေးခံရမှု အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမျိုးဇော်အောင်က လွှတ်တော်အတွင်း ဂျာနယ်ဖတ် ခြင်းသည် လွှတ်တော်အား မလေးစားသည့်သဘော သက်ရောက် သော်လည်း ၎င်းအနေဖြင့် မဲဆန္ဒ ရှင်ပြည်သူများနှင့် လွှတ်တော်အား လေးစားမှုရှိကြောင်းနှင့် ၎င်းအား မဲပေးခဲ့သော ပြည်သူများ၏ အကျိုးအတွက် ဆက်လက်ကြိုး စားမည်ဟု လွှတ်တော်ရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
 
ဒီဇင်ဘာ ၁၄ ရက်က လည်း ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်အား သတ်မှတ်အင်္ကျီမဝတ်ဆင်၍ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က စည်းကမ်းများကို လိုက်နာရန် သတိပေးခဲ့သေးသည်။
 
Credit:7Day

21 Dec 2016     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS