BEC-TERO TV

IS ကတောင်ပိုက်ဆံပေးပြီး သတ်ဖြတ်ခိုင်းခံရတဲ့ အာဂအမျိုးသမီး

21 Dec 2016     1,377 Views


ဒိန်းမက်နိုင်ငံမှာ နိုင်ငံသားဥပဒေချိုးဖောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် 23 နှစ်အရွယ် Joanna Palani အမည်ရ အမျိုးသမီးကို IS အဖွဲ့က လက်တုံပြန်သည့်အနေဖြင့် တစ်ယောက်ယောက်ကို သတ်ဖြတ်စေလိုနေပါတ တယ်။ ၎င်းတို့ဆန္ဒအတိုင်း ဒိန်းမက်အာဏာပိုင်တွေ ထိမ်းသိမ်းထားတဲ့ Joanna ကို သတ်ဖြတ်ပေးပါက မည်သူမဆို ပေါင် 1 သန်းအထိ ပေးချေဖို့ အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Joanna ဟာ IS တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့အတွက် တက္ကသိုလ်မှ ထွက်ပြီး၊ Kurdish တပ်ဖွဲ့ထဲကိုဝင်ရောက်ကာ အီရက်နဲ့ ဆီးရီးယားရှိ IS တွေကို တိုက်ခိုက်ရာမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ဒိန်းမက် နိုင်ငံ ဇာတိကိုပင်ဟေဂင်မြို့ကို ပြန်လာစဉ်မှာ ဒိန်းမက်ရဲတပ်ဖွဲ့ နိုင်ငံသားဥပဒေကို ချိုးဖောက်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံရ ပြီး၊ ဒိန်းမက်ရဲ့ အကြီးဆုံးအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

ဒိန်းမက်နိုင်ငံသား ဥပဒေမှာ နိုင်ငံသားဖြစ်သူ တစ်စုံတစ်ယောက်ဟာ နိုင်ငံခြားတိုင်းပြည်များတွင် စစ်မှုထမ်းဆောင်ခြင်း မ ပြုရဆိုတဲ့ အချက်ပါဝင်ခဲ့ပြီး၊ Joanna က ဒီဥပဒေကို ချိုးဖောက်ခဲ့လို့ သူမရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း အစိုးရက ပြန် လည် ရုတ်သိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ Joanna ဟာ Kurdish နွယ်ဖွားဒိန်းမက်နိုင်ငံသား တစ်ဦးဖြစ်ပါတယ်။ သူမဟာ IS တွေကို တိုက်ခိုက်နေချိန်မှာ ဒိန်းမက်ရဲတပ်ဖွဲ့က ခရီးသွားလာခွင့် 12 လ ပိတ်ပင်ကြောင်း အီးမေးလ်မှတစ်ဆင့် အကြောင်းကြားခဲ့ပါတယ်။ ကာတာနိုင်ငံမှ ပြန် ရောက်ပြီးနောက် သူမကို ကိုပင်ဟေဂင်မြို့ရှိ Vestre Fængsel အကျဉ်းထောင်ကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ ဒိန်းမက်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ ဘယ်လ်ဂျီယံပြီးရင် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ Joanna အပြင် အခြားနိုင်ငံသားတွေကိုလည်း IS တွေကို တိုက်ခိုက်တဲ့တပ်ဖွဲ့တွေထဲမှာ မ၀င်ဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပြီး၊ အခု Joanna ကို အကျဉ်းထောင်ထဲမှာ တိုက်ရိုက်ထိန်းသိမ်းခြင်းဟာ IS တွေရဲ့ အမျက်ဒေါသကို ကြောက်နေတယ်ဆိုတာ ထင်ပေါ်ကြောင်း နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။

IS တွေဟာ ရန်သူတော်ဖြစ်တဲ့ Joanna ကို လုပ်ကြံပေးပါက ပေါင် 1 သန်းအထိ ပေးချေမယ်လို့ ဆိုထားခြင်းကြောင့် Joanna ရဲ့ လုံခြုံရေးကို အခြားနိုင်ငံတွေ စိုးရိမ်နေပါတယ်။ anna ရဲ့ ရှေ့နေ့ Erbil Kaya က ” ဒါက အတော်လေးရှက်စရာကောင်းတဲ့ ကိစ္စပါ … ကျွန်တော်တို့နိုင်ငံဟာ IS ကို တိုက်ခိုက်ခဲ့တဲ့သူကို အပြစ်ပေးခဲ့သူတွေထဲမှာ ပထမဆုံးနိုင်ငံ ဖြစ်သွားခဲ့ပါပြီ … ဒါက သူတို့အတွက်တော့ (IS တွေ ကျေ နပ်ဖို့) သူတော်ကောင်း ယောင်ဆောင်လိုက်ခြင်းပါဘဲ … ကျွန်တော်တို့အနေနဲ့ IS ကို တိုက်ခိုက်တဲ့ မည်သူမဆို အပြစ်ပေးဖို့ မလိုအပ်ဖူးလို့ ယူဆပါတယ် “လို့ ပြောခဲ့ပါတယ်။ လောလောဆယ်တော့ ဒိန်းမက်အစိုးရဘက်က နိုင်ငံတကာရဲ့ ဖိအားကို လစ်လျှူရှုထားဆဲဖြစ်ပြီး၊ ဒီကိစ္စနဲ့ပတ်သတ်လို့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံအများစုက မကျေမနပ်ဖြစ်နေကြတယ်လို့လည်း အခြားသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Credit : shwemom


21 Dec 2016     1,377 Views




RELATED

Most Popular of International News

Most Popular of NEWS