BEC-TERO TV

အုတ်၊ကျောက်ခဲ၊ရွံ့တွေကို စားရတာနှစ်သက်တဲ့ အိန္ဒိယနိုင်ငံသား

21 Dec 2016     1,320 Views


ပက်ကီရာပါ ဟူနာဆိုတဲ့လူတစ်ယောက်ဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက ရွံတွေ၊အုတ်တွေ၊ကျောက်ခဲတွေကို စား လာခဲ့တာဖြစ်ပါတယ်။သူဟာအာဟာရလုံးဝ မရှိတဲ့ အရာတွေကို တောင့်တတဲ့ရောဂါရှိပါတယ်။သူဟာ ဒီအရာတွေကိုစားလို့ကျန်းမာရေးမထိခိုက်ဘဲ အစားစာကိုသာ မစားဘဲနေလို့ရပေမဲ့ ရွံတွေကျောက်ခဲတွေကိုတော့ မစားပဲနေလို့မရပါဘူးတဲ့။ အိန္ဒိယနိုင်ငံသားဟာ ကျောက်ခဲ၊ကျောက်စရစ်ခဲ၊ရွံ့တွေစားရတာကို နှစ်သက်ပြီး တစ်နေ့ကို ၃ကီလိုဂရမ်လောက်စားနိုင်ပါတယ်။ ဒီထူးထူးဆန်းဆန်းအရာတွေကို လျှောက်စားတဲ့နေတာဟာ Pica လို့ခေါ်တဲ့ အာဟာရတန်ဖိုးဘာမှမရှိတဲ့အရာဝတ္ထုတွေကို စားချင်တဲ့ အာသီသရှိတဲ့ရောဂါတစ်ခုပါ။

ကျွန်တော် ကျောက်ခဲတွေ အုတ်တွေစားလာတာနှစ် ၂၀ ကျော်ရှိနေပြီ။ကျွန်တော်လည်းစားရတာကိုကြိုက်ပါတယ်။ကျွန်တော်အခုထိ ကျန်းမာ နေတုန်းပါပဲ။ကျွန်တော်သွားတွေလည်းကောင်းတွေတယ်။မာပါတယ်ဆိုတဲ့ ကျောက်ခဲကိုကျွန်တော်ကောင်းကောင်း ကိုက်နိုင်ပါတယ်လို့ သူကပြောပါတယ်။ သူ့ရဲ့အမေကတော့ အနှစ် ၂၀ လုံးလုံး သူမရဲ့သားကို အိမ်နဲ့ရွာရဲ ကျောက်ခဲတွေကိုမစားဖို့ဖျောင်းဖါခဲ့ပါတယ်။ကျွန်တော်အမေကတော့ အဲ့ဒါတွေကို မစားဖို့မလျှော့တမ်းပြောခဲ့တာပါပဲ။ဒါပေမဲ့ အမေက ကျွန်တော်ကို ကြက်ကြော်တစ်ကောင်လုံးလာပေးရင်တောင်မှ ကျွန်တော်မစားချင်ပါဘူး။ကျွန်တော်က အဲ့ဒါတွေကို လုံးဝမကြိုက်ပါဘူး။ကျွန်တော်က ရွံတွေနဲ့ အုတ်ခဲတွေကိုပဲ စားချင်နေတာပါ။ကျွန်တော်ကို ကျွန်တော်တောင် ဘယ်လိုဖြစ်နေလဲ မသိတော့ပါဘူး။

“ကျွန်တော်သူ့နဲက ကလေးဘ၀ထဲက သိလာတာပါ။သူက အဲ့တုန်းကတည်းက ရွံတွေ ကျောက်တုံးတွေကို စားနေတာ” လို့ ရွာသားတစ်ယောက်ကပြောပါတယ်။

သူရဲ့ အုတ်ခဲတွေကို စားတဲ့ သတင်းဟာ ကျော်ကြားသွားပြီးနောက်မှာ ဟူနာကို လူတွေ့အများကြီးက လာကြည့်ကြပါတယ်။ “သူက ခုဆိုလူသိများနေပါပြီ။ဒါပေမဲ့ ဆင်းရဲလွန်းတဲ့ အတွက် သူကို တစ်ယောက်ယောက်က ကူညီစေချင်ပါတယ်။”သူ့သူငယ်ချင်းတစ်ယောက်က ဆိုပါတယ်။ ဟူနာဟာ သူရွာမှာ အလုပ်ကြမ်းသမားအဖြစ်အသက်မွေးပြီးတော့ ခုဆိုရင် နိုင်ငံအနှံ့သွားပြီး သူရဲ့ အစွမ်းကိုပြချင်နေပါတယ်။ “ကျွန်တော် အဖေက လွန်ခဲ့တဲ့ လေးနှစ်က ဆုံးသွားပြီ။အမေကို စောင့်ရှောင့်ချင်ပါတယ်။ကျွန်တော်လုပ်နိုင်တာက ပြပြီးတော့ ၀င်ငွေလည်း လိုချင်ပါတယ်” လို့ ဟူနာကပြောပါတယ်။

Credit : shwemom


21 Dec 2016     1,320 Views




RELATED

Most Popular of International News

Most Popular of NEWS