ရာဇဝတ်သားတွေကို ခပ်မိုက်မိုက် ခရစ္စမတ်နှုတ်ခွန်းဆက်လိုက်တဲ့ ဖီလစ်ပိုင်သမ္မတ ဒူတားတေး
22 Dec 2016 1,675 Views
ဆိုးသွမ်းမှုတွေကို ရပ်တန်းကမရပ်ရင် ခင်ဗျားတို့အတွက် ဒီခရစ္စမတ်ဟာ နောက်ဆုံးဖြစ်သွားလိမ့်မယ်လို့ ရာဇဝတ်မှုလုပ်သူတွေကို ဖီလစ်ပိုင်သမ္မတ ဒူတားတေးက ခရစ္စမတ်နှုတ်ခွန်းဆက်ရင်း သတိပေးလိုက်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကျုပ်ကလည်း သာမန်လူသားတစ်ယောက်ဖြစ်နေတော့ ခရစ္စမတ်ကာလမှာ နှုတ်ခွန်းဆက်စကားပြောချင်ပါတယ်။ မူးယစ်ဆေး မှောင်ခိုသမားတွေ၊ သူခိုးကြမ်းပိုးတွေ၊ အကျင့်ပျက်နေသူတွေ ပြီးတော့ ဖီလစ်ပိုင်ပြည်သူတွေရဲ့ ရှင်သန်နေထိုင်မှုကို အမျိုးမျိုး ဒုက္ခပေးနေသူတွေ အားလုံးကို မယ်ရီခရစ္စမတ်ပါ။ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက မရပ်ဘူးပဲ အခုလိုပဲ ဆက်ပြီး ဆိုးမိုက်နေဦးမယ်ဆိုရင် ဒီခရစ္စမတ်ဟာ ခင်ဗျားတို့အတွက် နောက်ဆုံးဖြစ်သွားပါလိမ့်မယ်။ မယ်ရီခရစ္စမတ်ပါ။
လို့ သူ့ရဲ့ ရုပ်သံ ခရစ္စမတ် နှုတ်ဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Video Credit:7Daytv






